မလိုချင်သည့် SMS မက်ဆေ့ခ်ျများကို ပယ်ဖျက်နိုင်ပြီ

July 17, 2018

မလိုချင်သည့် SMS မက်ဆေ့ခ်ျများကို ပယ်ဖျက်နိုင်ပြီ

တယ်လီဖုန်း ဆက်သွယ်ရေးအော်ပရေတာတွေထံက အဆက်မပြတ်ပေးပို့ ကြော်ငြာနေတဲ့ SMS မက်ဆေ့ဂ်ျတွေကို  မလိုချင်ဘူးဆိုရင် ပယ်ဖျက်နိုင်ပြီလို့ စားသုံးသူရေးရာ ဦးစီးဌာနက ကြေညာပါတယ်။ အသုံးမပြုချင်တဲ့ မက်ဆေ့ခ်ျတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ညှိနှိုင်းခဲ့ပြီးနောက်မှာ အခုလို ပယ်ဖျက်နိုင်ပြီလို့ ကြေညာတာပါ။ အမ်ပီတီဖုန်းတွေမှာ *2007# ကိုနှိပ်ပြီး Option ကိုရွေးကာ ပယ်ဖျက်နိုင်ပါတယ်။ တယ်လီနော ဖုန်းတွေမှာ DNDON လို့ ရေးပြီး 500 ကို SMS ပို့ပြီးပယ်ဖျက်နိုင်ပါတယ်။ အော်ရီဒူး ဖုန်းတွေမှာတော့ DNDON လို့ ရေးပြီး 5059 ကို SMS ပို့ပြီး ပယ်ဖျက်နိုင်ပါတယ်။ ဒီအတွက် စာတိုပို့ခ ပေးစရာမလိုဘူးလို့လည်း စားသုံးသူရေးရာ ဦးစီးဌာနက ဆိုပါတယ်။
3 years Ago
Up