မလိခမြစ်ရေကြီး

August 26, 2021

ပူတာအိုတွင် မလိခမြစ်ရေကြီးနေသဖြင့် ရေဘေးသင့်ပြည်သူအချို့ ဘေးလွတ်ရာ ရွေ့ပြောင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်နဲ့  မချမ်းဘော့မြို့နယ်တို့မှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေတဲ့အတွက် မလိခမြစ်ရေစိုးရိမ်ရေအမှတ်ကျော်လွန်ကာ ရေကြီးနေလို့ ဒေသခံပြည်သူတွေဘေးလွတ်ရာသို့ ပြောင်းရွေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဩဂုတ် ၂၆ ရက် ဒီညနေပိုင်း ၆နာရီခွဲအချိန် တိုင်းထွာချက်အရ မချမ်းဘော့မြို့နယ်မှာ မလိခမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာကျော်လွန်ပြီး ၁၂၄၇ စင်တီမီတာရောက်ရှိနေပြီး မိုးတိတ်မယ့်အခြေအနေမရှိသေးဘူးလို့ မချမ်းဘော့မြို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ပူတာအိုမြို့နယ်၊ မလိခွမ်ကျေးရွာနေဒေသခံတစ်ဦးကလည်း "မလိခွမ်ရွာထိရေကြီးလာတဲ့အတွက် ‌ရွာသူရွာသား တွေဘေးလွတ်ရာကို ရွေ့ပြောင်းနေရပါတယ်။ မြစ်ရေတက်တာ အရမ်းမြန်ဆန်နေပါတယ်။ မြစ်ကြီးနားနဲ့ ဧရာဝတီမြစ်ရိုးတစ်လျှောက်က ရွာတွေအတွက် အရမ်းစိုးရိမ်မိပါတယ်"လို့ ဆိုပါတယ်။

ပူတာအိုခရိုင်အတွင်း  ၁၉၇၂ ခုနှစ်တုန်းက အခုလိုမလိခမြစ်ရေကြီးတာကို ကြုံတွေ့ခဲ့ရပြီး နှစ်ပေါင်း ၃၀ ပြည့်ခါနီးမှာ တစ်ခါမြစ်ရေပြန်ကြီးလာတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ Credit

3 months Ago
Up