မရှိ

August 30, 2020

အသင်းပြောင်းလိုသူ မက်ဆီတွင် စာချုပ်ဖျက်သိမ်းကြေး မရှိတော့ဟု သတင်းထွက်ပေါ်

မက်ဆီရဲ့ပေါင် ၆၃၂ သန်းတန်စာချုပ်ဖျက်သိမ်းကြေးဟာ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက သက်တမ်း ကုန်သွားခဲ့ပြီဖြစ်တာကြောင့် အာဂျင်တီးနားသားရဲ့ အသင်းပြောင်းမယ့်ကိစ္စမှာ ဒီသဘောတူညီချက်ဟာ အကျုံးဝင်မှာ မဟုတ်ဘူးလို့ စပိန်သတင်းတွေမှာဖော်ပြပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခွင့်  တောင်းဆိုခဲ့သူဖြစ်ပြီး အသင်းနဲ့ စာချုပ် ဖျက်သိမ်းနိုင်ဖို့ကိုလည်း မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေက ကန့်ကွက်ထားပြီး စာချုပ် ဖျက်သိမ်းနိုင်တယ်ဆိုတဲ့အချက်ဟာ ပြီးခဲ့တဲ့ဇွန်လကတည်းက သက်တမ်းကုန်ဆုံးသွားပြီလို့ ပြောပါတယ်။  လက်ရှိအချိန်မှာ ဘာစီလိုနာပရိသတ်တွေဟာလည်း မက်ဆီကို အသင်းကနေထွက်ခွာ မသွားဖို့ နူးကမ့်ကွင်းအပြင်ဘက်မှာ စုဝေးဆန္ဒထုတ်ဖော်နေကြပါတယ်။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့သတင်းအရ မက်ဆီအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ပိုပြီး နီးစပ်လာ တယ်လို့ ယူဆရတော့မှာဖြစ်ပါတယ်။  စပိန်ရေဒီယိုတစ်ခုဖြစ်တဲ့ Cadena SER က ပေါင် ၆၃၂ သန်းတန်စာချုပ်ဖျက် သိမ်းကြေးဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကုန်ကတည်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး မက်ဆီရဲ့ စာချုပ်မှာ ဖျက်သိမ်းကြေးနဲ့ပတ်သက်တဲ့ ဘယ်အချက်မှ မကျန်ရှိတော့ဘူးလို့  ပြောပါတယ်။ ဒီသတင်းဟာ မက်ဆီကိုခေါ်ယူချင်နေတဲ့ အသင်းတွေအပြင် အပြောင်းအရွှေ့မပိတ်ခင် အသင်းသစ်ကိုပြောင်းဖို့ ဆန္ဒရှိနေတဲ့ ကစားသမားကိုယ်တိုင်အတွက်လည်း သတင်းကောင်း ပဲဖြစ်ပါတယ်။ မက်ဆီကို  လက်ရှိ ခေါ်ယူဖို့ သတင်းကြီးနေတဲ့အသင်းတွေထဲမှာ မန်စီတီးနဲ့ ပီအက်စ်ဂျီတို့ လို ချမ်းသာတဲ့ အသင်းကြီးတွေပါဝင်နေပေမယ့် စာချုပ်ဖျက်သိမ်းကြေးပေါင် ၆၃၂ သန်းဟာ ဒီအသင်းတွေအတွက် အတားအဆီးဖြစ်လာနိုင်သလို ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့လည်း ငြိစွန်းမှာ ဖြစ်ပါတယ်။  လက်ရှိသတင်းတွေမှာ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုအတွက် ပူးပေါင်းမှာမဟုတ်ဘဲ လေ့ကျင့်ရေး ဒါမှမဟုတ် ကျန်းမာရေးစစ်ဆေးမှုတွေအတွက်လည်း အသင်း ကို ပြန်လာမှာမဟုတ်ဘူးလို့ တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ ဖော်ပြထားပါတယ်။  အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်  နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး လာမယ့်နွေရာသီမှာအသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ထွက်ခွာ နိုင်တော့မှာ ဖြစ်ပါတယ်။  ဒါပေမဲ့ ဘုတ်အဖွဲရဲ့လုပ်ဆောင်ချက်တွေအပေါ် နှစ်သက်ခြင်း မရှိတာကြောင့် မက်ဆီဟာ အခုအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာလိုနေတာဖြစ်ပါတယ်။ 
9 months Ago

November 2, 2019

လူရွေးချယ်ရေးပေါ်လစီ မရှိဟု ရီးရဲလ်နည်းပြ ပြော

လူရွေးချယ်ရေး ပေါ်လစီ မရှိဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။ ဇီဒန်းက ရီးရဲလ်သင်းမှာ အစီအစဉ် အေ၊ ဘီ၊ စီဆိုတာမရှိဘဲ ကစားသမား တယောက်ချင်းစီတိုင်းကို ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ ဇီဒန်းဟာ လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းကို တကျော့ပြန် ကိုင်တွယ်ချိန်မှာ ရလဒ်ပိုင်းကောင်းမွန်ဖို့ ရုန်းကန်နေရတဲ့အပြင် ဖိအားတချို့နဲ့ လည်း ရင်ဆိုင်နေရပါတယ်။  အခုရာသီမှာ ခေါ်ယူခဲ့တဲ့ ဟာဇက်ဟာ အသင်းအတွက် သွင်းဂိုး ၁ ဂိုးသာ သွင်းယူပေးခဲ့နိုင်ပေမယ့် မကြာခင် ‌အခုထက်ပိုပြီး အသင်းအတွက် အကျိုးရှိလာဖို့နဲ့ ဂိုးသွင်းတာထက် ‌ခြေစွမ်းပြတာကို မြင်လိုတယ်လို့ ဇီဒန်းက ပြောပါတယ်။  လာလီဂါမှာ ရာသီအစ ရုန်းကန်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ လက်ရှိမှာတော့ ထိပ်ဆုံးက ဘာစီလိုနာရဲ့နောက် ၁ မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။
2 years Ago
Up