သုခကာရီပရဟိတအသင်းဥက္ကဋ္ဌ မရွှေမှုန်အပါအဝင် ပရဟိတသမား ၃ ယောက်ကို စစ်တပ်က မတ်လ ၂၁ ရက် ဒီနေ့မနက်ပိုင်းက လမ်းမှာတားဆီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေကပြောပါတယ်။
ဒီနေ့မနက်ပိုင်းက လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားအောက်မှာ စစ်တပ်က သူတို့ရဲ့ ကားကို တားဆီးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ကာ သူတို့နာမည်တွေပါ တခါတည်း မေးမြန်းခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
သုခကာရီပရဟိတအသင်းဟာ ကိုဗစ်ကာလတလျှောက် လူနာတွေ သယ်ဆောင်ပို့ဆောင်ပို့ဆောင်ပေးတာတွေအပြင် အခုကာလမှာလည်း အရေးပေါ်လူနာတွေကို ကူညီကယ်ဆယ်ပေးတာတွေ လုပ်နေပေးတာဖြစ်ပါတယ်။