မရမ်းကုန်း

A d v e r t i s e m e n t With Us

March 7, 2021

မရမ်းကုန်းတွင် ဆန္ဒပြပြည်သူများကို စစ်တပ်နှင့်ရဲက ရပ်ကွက်လမ်းများအထိ လိုက်လံဖြိုခွင်း

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အောက်ဗဟိုလမ်းမကြီး ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်ပြည်သူတွေ စုပေါင်းပြီး ဒီနေ့မနက်u အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြနေရာမှာ  ရဲနဲ့စစ်တပ်က ရပ်ကွက်လမ်းတွေအထိ လိုက်လံအင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။ 

ဆန္ဒပြပြည်သူတွေဟာ သပိတ်စခန်းတွေရှိရာနဲ့ လူနေရပ်ကွက်တွေအတွင်းကို ရဲနဲ့စစ်တပ်က အလွယ်တကူ ဝင်ရောက်လာနိုင်အောင်မရှိစေဖို့ လမ်းမတွေမှာ ပစ္စည်းအစုံအလင်နဲ့ ပိတ်ဆို့တားဆီးမှုတွေ ကြိုတင်ပြုလုပ်ထားခဲ့ပါတယ်။ 

အဲ့ဒီလို တားဆီးမှုတွေပြုလုပ်ခဲ့ပေမယ့်  ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံး ၊ အသံဗုံးနဲ့ ရာဘာကျည်တွေကိုအဓိကအသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။ 

ဒါပေမဲ့ သပိတ်မှောက်ပြည်သူတွေဟာလည်း ဒိုင်းကာတပ်တွေ၊ မီးသတ်ဆေးဘူးတွေနဲ့ဖြန်းကာ ပြန်လည်ကာကွယ်ခဲ့ပါတယ်။ 

ရဲအင်အားအလုံးအရင်းနဲ့အကြမ်းဖက်ဖြိုခွင်းခဲ့ရာ  သပိတ်မှောက်ပြည်သူလူထုတွေထဲက တစ်ချို့ ဖမ်းဆီးခံရပြီး တစ်ချို့ သေနတ်ဒဏ်ရာ ရတာတွေလည်း ရှိနေပါတယ်။ 

သပိတ်မှောက်ပြည်သူတွေကလည်း အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် လူအင်အားပြန်စုပြီး ငြိမ်းချမ်းစွာ ဆန္ဒဆက်လက်ထုတ်ဖော်နေကြပါတယ်။

3 mins Ago

November 29, 2020

ကိုဗစ်လူနာသစ် ၁,၃၄၄ ဦးတွင် ရန်ကုန်က ၈၆၀ တွေ့ရှိ၊ မရမ်းကုန်းက ၁၅၁ ဦးဖြင့် အများဆုံးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၄၄ ယောက်ထဲမှာ ရန်ကုန်တိုင်းက အယောက် ၈၆၀ တွေ့ရှိပြီး မရမ်းကုန်းက ၁၅၁ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မရမ်းကုန်းက ၁၅၁ ယောက်၊ မင်္ဂလာဒုံက ၆၉ ယောက်၊ ရွှေပြည်သာ ၆၈ ယောက်၊ တောင်ဒဂုံ ၅၄ ယောက်၊ သင်္ဃန်းက ၄၄ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၁ ခုပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၆ ခုမှာ ၁၄၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ အယောက် ၂၀၊ ပဲခူးတိုင်းမြို့နယ် ၁၃ မှာ ၁၀၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၁ ခုမှာ ၇၂ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၈ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၄ ခုမှာ ၆၆ ယောက်၊ နေပြည်တော်၊ မြို့နယ် ၃ ခုမှာ ၁၂ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၄ ခုမှာ ၁၄ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၄ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ ၁၂ ယောက်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ၈ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၄ ခုမှ ၈ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၆၂ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၇,၉၇၇ ယောက်၊ သေဆုံးသူ ၁,၈၈၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇,၅၈၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂ ဒသမ ၄  သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
3 months Ago
More News
Up