မရမ်းကုန်း

February 3, 2017

မရမ်းကုန်းတွင် နေအိမ် ၅၀ ခန့်မီးလောင်၊ အမျိုးသား ၁ ဦး သေဆုံး (ရုပ်သံ)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ မနေ့ညက မီးလောင်မှုကြောင့် လူနေအိမ် ၅၀ လောက်လောင်ကျွမ်းခဲ့ပြီး အမျိုးသားတဦး မီးလောင်သေဆုံးခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ဇေယျာခေမာလမ်းနဲ့ ဆွေဗမာလမ်းသွယ် (၅)ရှိ ၊ အမှတ် (စ/၃၇၁)  မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ မှာ စတင်လောင်ကျွမ်းခဲ့ပြီး ည ၁၀ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် အသက် ၈၇ နှစ်အရွယ် ဦးကျော်ခင် သေဆုံးခဲ့ပါတယ်။ “လောင်ကျွမ်းတဲ့ မီးကို မရမ်းကုန် မီးသတ်ယာဉ်နဲ့ နီးစပ်ရာ မီးသတ်ယာဉ်တွေအပါအဝင် ယာဉ် ၇ စီးနဲ့ မီးငြိမ်းသတ်ရာ ရပ်ကွက်အတွင်း ပြည်သူလူထုအားနဲ့ ည ၁၀ နာရီခွဲလောက်မှာ မီးညွန့်ကြိုးကာ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ မီးသတ် တပ်ဖွဲ့က Level 2 အဆင့်သတ်မှတ်ခဲ့ပေမယ့် မီးများတဲ့အတွက် ည ၉ နာရီခွဲမှာ Level 3 အဆင့် ထပ်တိုးသတ်မှတ်ခဲ့ရပါတယ်။ မီးဘေးဒုက္ခသည်အိမ်ထောင်စု ၆၆ စုမှ ကျား ၂၁၄ ဦး၊ မ ၁၆၅ ဦး တို့ကို မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက် တေဇစက္ကိစ်ကျောင်းတိုက်မှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဖေ့ဘွခ်စာမျက်မှာ ဖော်ပြထားပါတယ်။ သတင်း - စောအယ်ဒီ
4 years Ago
Up