မယ်လဒုက္ခသည်စခန်း

July 17, 2020

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် စိတ်ကြွမူးယစ်ဆေးများ ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် မယ်လ(ဘဲ့ကလော်)ဒုက္ခသည်စခန်းမှာ ဇူလိုင်လ ၁၆ ရက်နေ့က စိတ်ကြွမူးယစ်ဆေး ရောင်းဝယ်သူကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊  တာဆောင်ရမ်းမြို့ အုပ်ချုပ်ရေးမှူးအဖွဲ့၊  ထိုင်းရဲ နယ်စပ်ရဲတပ်ဖွဲ့နဲ့ အခြားဌာနဆိုင်ရာတို့ ပူးပေါင်းပြီး မယ်လဒုက္ခသည်စခန်း ဇုန်-စီရှိ  မောင်ဒါးရဲ့အိမ်မှာ မူးယစ်ဆေး ရောင်းချတဲ့ သတင်းအရ ရှာဖွေစစ်ဆေးရာ အဝတ်ထည်တွေထဲကနေ  စိတ်ကြွမူးယစ်ဆေး ၃၇၄၉ ပြား တွေ့ရှိပြီး မူးယစ်ဆေးပိုင်ရှင် မောင်ဒါး (၂၀ နှစ်)ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တာပါ။ မူးယစ်ဆေးဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိတဲ့ မောင်ဒါးကို တာခ်ရိုင် တာဆောင်ရမ်းမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - ဖိုးစီ
11 months Ago

March 5, 2020

မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း မီးလောင်

မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင်၊ ထာဆောင်ရမ်းမြို့နယ်ရှိ မယ်လစစ်ပြေးဒုက္ခသည်စခန်းမှာ  ဒီကနေ့ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားပါတယ်။ ဒုက္ခသည်စခန်းမှာ နေထိုင်သူတဦးရဲ့ မီးပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားတာဖြစ်ပြီး လူနေအိမ် ၄ လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားပါတယ်။   ဒေသစံတော်ချိန် မွန်းလွဲပိုင်း ၁ နာရီကျော်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး  ထိုင်းမီးသတ်တပ်ဖွဲ့တွေက မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ပြေးဒုက္ခသည်စခန်း ၉ ခုရှိပြီး အခုမီးလောင်တဲ့ မယ်လဒုက္ခသည်စခန်းဟာ  မြဝတီ မဲဆောက်နဲ့ ၆၀ ကီလိုကျော်အကွာမှာ တည်ရှိကာ မြန်မာနိုင်ငံက စစ်ဘေး ဒုက္ခသည်တွေ အများဆုံး နေထိုင်တဲ့ စခန်းဖြစ်ပါတယ်။ ဖိုးစီ
1 year Ago
Up