မယ်လင်နီယာထရမ့်

August 26, 2020

ကပ်ရောဂါကြောင့် ထိခိုက်နာကျင်ရမှုများကို အမေရိကန်သမ္မတကတော် ဝန်ခံပြော

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီညီလာခံ ဒုတိယညမှာ အမေရိကန်သမ္မတကတော် မယ်လင်နီယာက ကပ်ရောဂါကြောင့် ဖြစ်ရတဲ့ နာကျင်မှုတွေကို ဝန်ခံပြောဆိုသွားပါတယ်။ သြဂုတ် ၂၅ ရက်က အိမ်ဖြူတော် နှင်းဆီဥယျာဉ်အတွင်း ပြုလုပ်တဲ့ ပါတီညီလာခံမှာ  သမ္မတကတော် မယ်လင်နီယာက ထရမ့်အစိုးရဟာ လူတိုင်းလူတိုင်း ထိရောက်တဲ့ ကုသမှု ရတဲ့အထိ ဒါမှမဟုတ် ကာကွယ်ဆေးရတဲ့အထိ ဆက်တိုက်ပွဲဝင်သွားမယ်လို့ မိန့်ခွန်းပြောပါတယ်။  ထရမ့်ဟာ ကပ်ရောဂါကြောင့် ထိခိုက်သူအားလုံးကို အတတ်နိုင်ဆုံး စောင့်ရှောက်ဖို့ မနားမနေ အလုပ်လုပ်သွားမှာ ဖြစ်တယ်လို့ မယ်လင်နီယာက ပြောပါတယ်။ မယ်လင်နီယာဟာ ၂၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပြီး အဲဒီမိန့်ခွန်းကို သမ္မတထရမ့်က ရှေ့ဆုံးတန်းကနေ အားပေးခဲ့ပါတယ်။ သြဂုတ် ၂၅ ရက် ဒုတိယမြောက် ပါတီညီလာခံမှာ ရီပတ်ဘလီကန်တွေက အမေရိကန် စီးပွားရေးကို ပြန်အသက်သွင်းဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ထိန်းသိမ်းဖို့ ထရမ့်ရဲ့ ဦးဆောင်မှုဟာ အရေးပါတယ်ဆိုပြီး သမ္မတထရမ့် ပြန်ရွေးကောက်ခံရရေးအတွက် ထောက်ခံ ပြောဆိုကြပါတယ်။
9 months Ago

February 26, 2020

သမ္မတကတော် မင်လင်နီယာထရမ့် နယူးဒေလီရှိ အစိုးရကျောင်းကို သွားရောက်လေ့လာ

အမေရိကန် သမ္မတကတော် မယ်လင်နီယာထရမ့်ဟာ ဖေဖော်ဝါရီ ၂၅ ရက်က မြို့တော် နယူးဒေလီရှိ အစိုးရကျောင်းတကျောင်းကို သွားရောက်လေ့လာပါတယ်။  အဲဒီကျောင်းဟာ ကျောင်းသားတွေကို သတိတရားကောင်းအောင် လေ့ကျင့်ပေးတဲ့ ပျော်ရွှင်ရေး အထူးသင်ခန်းစာကို သင်ကြားပေးတဲ့ ကျောင်းဖြစ်ပါတယ်။ ကလေးငယ်တွေကို ယောဂလေ့ကျင့်တာ၊ ပုံပြောတာနဲ့ ပုံဆွဲတာတွေ လုပ်စေပြီး လူမှုဆက်ဆံရေးကောင်းအောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းနဲ့ ပျော်ရွှင်ရေးသင်ခန်းစာကို ၂၀၁၈ ခုနှစ်မှာ လက်ဝဲယိမ်း (AAP) ပါတီက စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။  “အိန္ဒိယနိုင်ငံဟာ ရာစုနှစ်ချီပြီး ကမ္ဘာကြီးကို ဘာသာရေးအယူဝါဒတွေ သင်ကြားပြသနေပါတယ်။ သမ္မတကတော်အနေနဲ့ ဒီကျောင်းက ပျော်ရွှင်ရေး သတင်းစကားကို ဆောင်ယူသွားမှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်မိတယ်” ဆိုပြီး နယူးဒေလီ ဝန်ကြီးချုပ်နဲ့ AAP ပါတီဝင် အာဗင်းကေဂျီဝါက သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။  ဒီခရီးစဉ်ဟာ သမ္မတထရမ့်ရဲ့ အကောင်းဆုံး ဖြစ်ပါစေ ဆိုတဲ့ မဲဆွယ်ပွဲနဲ့လည်း ချိတ်ဆက်နေပါတယ်။  ထရမ့်ရဲ့ မဲဆွယ်ပွဲဟာလည်း ကျန်းမာရေး၊ အွန်လိုင်း လုံခြုံရေးနဲ့ မူးယစ်ဆေး အလွဲသုံးစားမှုတွေကို အဓိကအလေးထားတယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
1 year Ago
Up