မယ်ဆိုင်မြို့

April 13, 2021

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ မြန်မာဘာသာပြန် ၁ ဦးထံမှ စိတ်ကြွ မူးယစ်ဆေးများဖမ်းမိ

မြန်မာနယ်စပ် တာချီလိတ်တဘက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ မြန်မာ ဘာသာပြန်တစ်ဦးဆီကနေ စိတ်ကြွ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းဘက်က ကွင်းဆက်တရားခံရဲ့ ဖော်ထုတ်ချက်အရ အသွင်ယူပြီးထိုင်းရဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက စိတ်ကြွဆေးပြား အလုံး ၆၀၀၀၀ နဲ့ ခေး(ကတ်တမင်း)  ၆၅ ကီလို ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူဟာ ထိုင်း-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ မြန်မာ ဘာသာပြန်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။

1 month Ago

February 28, 2020

မယ်ဆိုင်တွင် ရေထဲမျောနေသည့် အမျိုးသားအလောင်း ၇ လောင်းတွေ့ရှိ 

ထိုင်-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ရေကန်ထဲမျောနေတဲ့ အမည်မသိ အမျိုးသားအလောင်း ၇ လောင်း မျောနေတာကို တွေ့ရှိတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။  မယ်ဆိုင်မြို့နယ် ကော်ချန့်အုပ်စု ပါဒဲန်းလုန်ကျေးရွာက ရေကန်ထဲမှာ ဖေဖော်ဝါရီ ၂၇ မနက်စောစောက လူသေအလောင်းတွေ ပေါလောပေါ်နေကြောင်း ရွာသားတွေက အကြောင်းကြားတဲ့အတွက် မယ်ဆိုင်မြို့မရဲစခန်းက တာဝန်ရှိသူတွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းဆုမ်ဆဒ်ခနားခမ်းက သတင်းထောက်တွေကို ပြောပါတယ်။  အဲဒီနောက် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရေထဲကအလောင်းတွေ ဆယ်ထုတ်ရာမှာ အမျိုးသားအလောင်း ၇ လောင်းရရှိပြီး လွန်ခဲ့တဲ့ ၂-၃ ရက်က သေဆုံးခဲ့ဟန်တူကြောင်း၊ လိုအပ်သလို စစ်ဆေးဖို့ လူနာတင်ကားနဲ့ ချင်းရိုင်းဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။  သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရကြောင်း၊ အဲဒီအနီးနားတဝိုက် ရွာတွေ မှာလည်း ပျောက်ဆုံးသူမရှိကြောင်း၊ ဒါပေမယ့် ဒီမတိုင်ခင် ဖေဖော်ဝါရီ ၂၄ ရက်နေ့ညက မြန်မာနယ်စပ်နဲ့ မီတာ ၅၀၀ အကွာရှိ အဆိုပါနယ်မြေထဲမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကြား ပစ်ခတ်မှုရှိခဲ့တယ်လို့ မယ်ဆိုင်မြို့နယ်မှူးက ပြောပါတယ်။  နယ်မြေထဲ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ သင်္ချိုင်းကုန်းနဲ့ တောင်ယာခင်းထဲမှာ ကိုယ်ရောင်ဖျောက်စောင့်ဆိုင်းနေကြောင်း၊ ည ၈ နာရီခွဲကျော်မှာ ကျောပိုးအိတ်ကိုယ်စီနဲ့ လူ ၂၀ လောက် နယ်မြေ ထဲဝင်ရောက်လာလို့ ထိုင်းစစ်တပ်က လူယောင်ပြပြီး စစ်ဆေးဖို့ရပ်တံ့ခိုင်းခဲ့ကြောင်း၊ တဘက်က အမိန့်မနာခံဘဲ စတင်ပစ်ခတ်လို့ ၁၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်ကြပြီး မြန်မာနယ်စပ်ဘက် ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။  မိုးလင်းတော့ တာဝန်ရှိသူတွေက နယ်မြေသွားရှင်းလင်းရာမှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာ အနီးမှာ ကျောပိုးအိတ်အလုံးပေါင်း ၂၁ လုံးပြန့်ကျဲနေပြီး အထဲမှာ ကိုးသုံးလုံး အမှတ်တံဆိပ် စိတ်ကြွဆေးပြား စုစုပေါင်း ၂၂၅၂ ၀၀၀  (၂ သန်း ၂ သိန်းကျော်) နဲ့ အိုက်စ်မူးယစ်ဆေး ၁၄ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူက ပြောပါတယ်။  အဆိုပါနေရာအနီးမှာ မယ်ဟုတ်ချောင်းရေရှိပြီး ဒဏ်ရာရသူတွေဟာ ချောင်းထဲကျသွားကာ ချောင်းရေစီးနဲ့အတူ ရေကန်ကြီးထဲ မျောကျသွားတာဖြစ်နိုင်တယ်လို့ မယ်ဆိုင်မြို့နယ်မှူးက ပြောသွားပါတယ်။   ကိုးကား - မန်နေဂျာအွန်လိုင်း/ထိုင်းရတ်သတင်း 
1 year Ago
Up