မယ်ဟောင်ဆောင်

A d v e r t i s e m e n t With Us

December 13, 2018

ထိုင်းမြောက်ပိုင်းရှိ တောင်ပေါ်ကရင်ရွာတွင် ဘက်ထရီအားသွင်းရာက အိမ်မီးလောင်

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မဲ့စရိန်းမြို့နယ်ရှိ တောင်ပေါ်ကရင်ရွာမှာ ဒီဇင်ဘာ ၁၂ ရက် နေ့ခင်းပိုင်းက ဘက်ထရီအိုး မီးအားသွင်းရာကနေ အပူလွန်ကဲပြီး နေအိမ်တလုံး မီးလောင်သွားပါတယ်။ မနေ့ နေ့ခင်း ၁၂ နာရီခွဲလောက်က မဲ့စရိန်းမြို့နယ် ခွန်ယုမ်းကျေးရွာအုပ်စု ထာ့တာဖန်းကျေးရွာမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရတဲ့အတွက် အကူအညီပေးဖို့ သွားရောက်ခဲ့ရာ အဲဒီနေရာဟာ တောင်ထိပ်မှာရှိနေတာကြောင့် မီးသတ်ကား တက်လို့မရကြောင်း၊ မီးလောင်တဲ့နေရာမှာတော့ ရွာသူရွာသားနဲ့ ကျောင်းသူကျောင်းသား ဆရာဆရာမတွေက ရေပုံးတွေ၊ ဇလုံတွေနဲ့ တနိုင်တပိုင်စီ ဝိုင်းဝန်းငြှိမ်းသတ်နေတာ တွေ့ရတယ်လို့ ထာ့တာဖန်း နယ်မြေရဲစခန်းက သတင်းထောက်ကို ပြောပါတယ်။ ဒါပေမယ့် အဲဒီအိမ်ဟာ ခြေတံရှည်ပျဉ်ထောင်အိမ် ဖြစ်တာကြောင့် လောင်စာလိုဖြစ်နေပြီး ရေလောင်းလို့မနိုင်ဘဲ အားလုံးပြာကျသွားကြောင်း၊ မီးလောင်ရတဲ့အကြောင်းမှာ အဲဒီအိမ်မှာ ဆိုလာမီးကို အသုံးပြုပြီး အိမ်ထဲမှာ ဘက်ထရီအားသွင်းထားတာကြောင့် အပူလွန်ကဲရာက မီးလောင်သွာားတာဖြစ်နိုင်ကြောင်း ရဲစခန်းက ပြောပါတယ်။ အဲဒီအိမ်မှာ ၄ တန်းကျောင်းသူလေး ၁ ဦးနဲ့ အဘိုးအဘွားသာရှိပြီး မိဘတွေကတော့ လမ်းပွန်းခရိုင်မှာ အလုပ်သွားလုပ်နေကြောင်း၊ အိမ်မီးလောင်သွားတဲ့ သူတို့မိသားစုကို ကူညီထောက်ပံ့ဖို့ ရွာသူကြီးက ဦးဆောင်ပြီး အလှူငွေကောက်ခံနေတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

March 7, 2017

လွိုင်ကော်နှင့်မယ်ဟောင်ဆောင် ညီအစ်မမြို့တော်သတ်မှတ်မည်

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့  ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ပြီး နှစ်နိုင်ငံပြည်သူတွေ နယ်စပ်ပေါက်ကနေဆင့် ခရီးသွားလာနိုင်ဖို့ လာမယ့် မတ်လ ၉ ရက်နေ့မှာ နှစ်နိုင်ငံလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ လက်မှတ်ရေးထိုးမှာဖြစ်ပြီး လက်မှတ်ရေး ထိုးချိန်ကစပြီး  နှစ်နိုင်ငံပြည်သူတွေအနေနဲ့ ၆ ညအိမ် ၇ ရက်ခရီးအနေနဲ့ အပြန်အလှန် လည်ပတ်နိုင် မှာ ဖြစ်တယ်လို့ အစိုးရအဖွဲ့ရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးသက်လွင်ထွန်းက ပြောပါတယ်။ “ကျနော်တို့ အခုလက်ရှိကတော့ နှစ်နိုင်ငံ ၆ ညအိပ် ၇ ရက်ကို ကျနော်တို့ကလည်း မယ်ဟောင်ဆောင်အထိ ဟိုဘက်ကအဖွဲ့တွေကလည်း လွိုင်ကော်အထိ အဲဒီအထိကိုပဲ အပြန်အလှန်သွားဖို့ ညှိနှိုင်း ရသေးတယ်ဗျာ။” နှစ်နိုင်ငံ ဖြတ်သန်းသွားလာမှုကို နယ်စပ်ဂိတ် BP (၁၃) ကနေ သွားလာနိုင်မှာဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအရ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာဘက်ခြမ်း မယ်စဲမြို့မှာ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ထားပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်းနဲ့    ပြည်ထဲရေးဌာနက ကန့်သတ်ထားနေရာတချို့ကိုတော့ သွားရောက်ခွင့်ရမှာ မဟုတ်ဘူးလို့လည်းဦးသက်လွင်ထွန်းက ပြောပါတယ်။ ကယားပြည်နယ်လွိုင်ကော်မြို့ကနေ BP 13 ဂိတ်အထိ ကားနဲ့ ၅ နာရီသွားရပြီး BP 13 ကနေ မယ်ဟောင်ဆောင်မြို့အထိ ဆိုရင် ၄ နာရီလောက်ကြာမြင့်မှာ ဖြစ်ပါတယ်။
4 years Ago
Up