ချန်ပီယံလိဂ်ပွဲစဉ် အုပ်စု (အေ) မှာပါဝင်တဲ့ မယ်လ်မိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားရာ ရီးရဲလ်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ရီးရဲလ်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၉ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ စီရော်နယ်လ်ဒို တဦးတည်းက သွင်းယူခဲ့တာပါ။
ပွဲချိန် ၇၈ မိနစ်မှာ မယ်လ်မိုအသင်းက ဗစ်တာ ယိုတွန်း ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရလို့ ကျန်ပွဲကစားချိန်တွေကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။
ချန်ပီယံလိဂ် အုပ်စု အေမှာ ရီးရဲလ်၊ ပီအက်စ်ဂျီ၊ မယ်လ်မိုနဲ့ ရှက်တာဒိုးနက်တို့ ပါဝင်ပါတယ်။
လက်ရှိမှာတော့ ရီးရဲလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ၂ ပွဲကစား၊ ၂ ပွဲနိုင် ၆ မှတ်စီတူပေမယ့် ဂိုးကွာခြားချက်အရ ရီးရဲလ်အသင်းက အုပ်စုပထမနေရာက ဦးဆောင်နေပြီး ပီအက်စ်ဂျီက ဒုတိယ၊ မယ်လ်မိုနဲ့ ရှက်တာဒိုးနက်တို့ကတော့ ၂ ပွဲစလုံး ရှုံးနိမ့်ထားလို့ အမှတ်မရသေးဘဲ တတိယနဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
7 years Ago