ချန်ပီယံလိဂ် အုပ်စု (အေ) ပွဲစဉ်မှာပဲ ပြင်သစ်ကလပ် ပီအက်စ်ဂျီက ဆွီဒင်ကလပ် မယ်မိုကို အဝေးကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
နိုဝင်ဘာ ၂၅ ရက်က ကစားခဲ့တဲ့ ဒီပွဲမှာ ပီအက်စ်ဂျီက ဘောလုံးပိုင်ဆိုင်မှု တဘက်သတ် အသာစီးယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။
ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်၊ ကွင်းလယ်ကစားသမား ဒီမာရီယာနဲ့ မိုရာတို့က သွင်းယူပါတယ်။
ပီအက်စ်ဂျီ တိုက်စစ်မှူး အီဗာရာဟီမိုဗစ်ခ်ျဟာ မယ်မိုအသင်းမှာ ကစားခဲ့ဖူးပါတယ်။
ဒီပွဲနိုင်တဲ့ ပီအက်စ်ဂျီက ၁၀ မှတ်နဲ့ ရီးရဲလ်နဲ့အတူ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။
လက်ကျန်ပွဲတပွဲ ကျန်ပေမယ့်လည်း မယ်မိုအသင်းကတော့ ရှက်တာဒိုးနက်ခ်နဲ့အတူ အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရပါတယ်။
7 years Ago