မယ်ဆိုင်တွင် မြန်မာနိုင်ငံသား ၁ ဦးထံမှ အိုက်စ်မူးယစ်ဆေး ၃၀၀ ကီလိုဂရမ် ဖမ်းမိ

July 31, 2019

မယ်ဆိုင်တွင် မြန်မာနိုင်ငံသား ၁ ဦးထံက ရွှေချောင်းများ ဖမ်းဆီးရမိ

ထိုင်း- မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ မြန်မာ နိုင်ငံသား ၁ ဦးထံက အလေးချိန်  ၇၀ ကျပ်သားခန့်ရှိ ရွှေချောင်းတွေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်နယူးစ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းစစ်တပ်၊ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေဟာ ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခွဲလောက်က တာဝန်ဝတ္တရားအရ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားဂိတ် အ၀င်အထွက်ကို စစ်ဆေးစဉ် အနက်ရောင်တို ယိုတာမှန်လုံကားတစီးပေါ်ကနေ အဆိုပါရွှေချောင်းတွေကို ဖမ်းဆီးရမိတာပါ။   ယာဉ်မောင်းသူမှာ အသက် ၃၆ နှစ်ရွယ် မြန်မာနိုင်ငံသား စိုင်းကောင်းဆု ဖြစ်ပြီး ရွှေချောင်းပါတဲ့အိတ်ကို ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံဘေးက  ပစ္စည်းထားတဲ့နေရာမှာ သိမ်းထုတ် ယူဆာင်လာတာလို့ ဆိုပါတယ်။ စစ်ဆေးချက်အရ ရွှေချောင်း စုစုပေါင်း ၈ ချောင်းရှိပြီး တချောင်းကို  ကာလတန်ဖိုး ထိုင်းဘတ်ငွေ ၁ သန်း ၆ သိန်းကျော်ရှိမယ်လို့ တာဝန်ရှိသူတွေ ခန့်မှန်းပါတယ်။  ရွှေချောင်းတွေ သယ်ယူလာရခြင်းနဲ့ပတ်သက်ပြီး ဥပဒေအရအရေးယူကာ ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ်ဖို့ အဆိုပါ မြန်မာယာဉ်မောင်းကို သက်ဆိုင်ရာက ခေါ်ယူ ထိန်းသိမ်း ထားပါတယ်။ ထိုင်းနိုင်ငံရဲ့ အကောက်ခွန်ဥပဒေအရ အခုလို ပမာဏများပြားတဲ့ရွှေတွေကို နိုင်ငံဖြတ်ကျော်သယ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနမှာ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့  အခွန်ငွေဆောင်ပြီး ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။  ကိုးကား - maesainewsonline 
2 years Ago

January 10, 2019

မယ်ဆိုင်တွင် မြန်မာနိုင်ငံသား ၁ ဦးထံမှ အိုက်စ်မူးယစ်ဆေး ၃၀၀ ကီလိုဂရမ် ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မနေ့ညက မြန်မာနိုင်ငံသား ၁ ဦး မောင်းနှင်လာတဲ့ ကားတစီးပေါ်ကနေ အိုက်စ်မူးယစ်ဆေး အလေးချိန်စုစုပေါင်း ၃၀၀ ကီလိုဂရမ်လောက် ဖမ်းဆီးရမိတယ်လို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ နယ်မြေထဲမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုရှိမယ့်အကြောင်း ကြိုတင်သတင်းရထား ချက်အရ အမှတ် ၃ ခြေမြန်တပ်နဲ့  မြို့မတပ်တို့ ပူးပေါင်းပြီး နယ်မြေတွင်း စစ်ဆေးစောင့်ကြပ်နေ ရာမှာ ဘန့်ယန်း ချုမ်းရပ်ကွက် ၆ ထဲမှာ အနက်ရောင်ဟိုင်းလပ်စ်ကားတစ်စီး ၀င်လာတာတွေ့ ရကြောင်း၊ ဒါပေမယ့် အဆိုပါကားဟာ တာဝန်ရှိသူတွေကို တွေ့တော့ ကားခေါင်းကို ပြန်လှည့်ပြီး အမြန်မောင်းထွက်ခဲ့ကြောင်း၊ ခဏအကြာ မတော်တဆဖြစ်ပြီး တိမ်းမှောက်သွားခဲ့တယ်လို့  စစ်တပ်တာဝန်ရှိသူတဦးက ပြောပါတယ်။ တိမ်းမှောက်တဲ့ကားကို သွားရောက်စစ်ဆေးရာမှာ ယာဉ်မောင်းသူမှာ စိုင်းဆမ် အမည်ရှိ မြန်မာနိုင်ငံသား ရှမ်းအမျိုးသားတဦးဖြစ်ပြီး သူ့ကားပေါ်မှာတော့ စည်းနှောင်ထားတဲ့ အိုက်စ်မူး ယစ်ဆေးထုတ်တွေ တွေ့ရကြောင်း၊ အလေးချိန်စုစုပေါင်း ၃၀၀ ကီလိုဂရမ်လောက်ရှိပြီး တန်ဖိုး ဘတ်သန်းပေါင်း ၃၀ ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေ စုစည်းပြီး မကြာခင်အချိန်တွင်း သတင်းစာရှင်းလင်းသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up