မယ်ကွန်

July 25, 2018

ဘော်ဒိုးတောင်ပံကစားသမား မယ်ကွန်ကို ဘာစီလိုနာ ခေါ်ယူ

ဘာစီလိုနာအသင်းဟာ ပြင်သစ်ကလပ် ဘော်ဒိုးက ဘရာဇီးလူငယ်ကစားသမား မယ်ကွန်ကို ပေါင် ၄၅ ဒသမ ၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ မယ်ကွန်ဟာ အီတလီကလပ် ရိုးမားအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းက ကြားဖြတ်ခေါ်ယူနိုင်ခဲ့တာပါ။ ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၆ ဒသမ ၅ သန်း ပေးချေခဲ့ရပြီး နောက်ထပ် ပေါင် ၉ သန်းကိုတော့ ကစားသမားရဲ့ စွမ်းဆောင်မှုအပေါ် မူတည်ပြီး ပေးချေရမှာပါ။ အသက် ၂၁ နှစ်ရှိ တောင်ပံကစားသမား မယ်ကွန်ဟာ ဘော်ဒိုးအသင်းမှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ၃၈ ပွဲမှာ ၁၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မယ်ကွန်ကို ခေါ်ယူနိုင်ခဲ့ပေမယ့် နောက်ထပ် ဘရာဇီးကစားတဦးဖြစ်တဲ့ ချဲလ်ဆီးကွင်းလယ်လူ ဝီလျံကိုလည်း နောက်ထပ်တကြိမ် ကမ်းလှမ်းမှာဖြစ်တယ်လို့ သိရပါတယ်။
3 years Ago
Up