မယ်ကမ္ဘာအလှမယ်

January 19, 2018

မယ်ကမ္ဘာအလှမယ် ပြိုင်ပွဲဝင်ဟောင်း အဖျားရောဂါကြောင့် အသက်အန္တရာယ် စိုးရိမ်ရ

မယ်ကမ္ဘာအလှမယ်ပြိုင်ပွဲဝင်ဟောင်းတဦးဖြစ်တဲ့ ဗေးလ်ရီယာပီရက်ဇ်ဇာဟာ ရှားပါးတဲ့ အဖျားရောဂါတမျိုးကြောင့် ဆေးရုံတက်ရောက်ကုသခံနေရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ပီရူးနိုင်ငံကိုယ်စားပြု အလှမယ်ဟာ ၂၀၁၆ ခုနှစ်မှာ မယ်ကမ္ဘာအလှမယ်ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပီရူးဆေးရုံမှာ တက်ရောက်ကုသနေရပြီး ဘာရောဂါခံစားနေရတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိဘူးလို့ မေရာသ တင်းတပုဒ်မှာ ဇန်န၀ါရီလ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ သတင်းမီဒီယာတွေကိုရော၊ တခြားလည်ပတ်မှုတွေကိုပါ တင်းတင်းကြပ်ကြပ် တားဖြစ်ထားတာဖြစ်ပေမယ့် ဗေးလ်ရီယာရဲ့ ကျန်းမာရေးအခြေအနေဟာ အားနည်း နေတယ်လို့ နိုင်ငံရဲ့ အလှမယ်ပြိုင်ပွဲစီစဉ်သူ ဂျက်ဆီကာ နယူတန်က ပြောလိုက်တာပါ။ “ဗေးလ်ဟာ ရောဂါပြင်းပြင်းထန်ထန် ခံစားနေရတာပါ။ သူ့ရဲ့ အပြုံးတွေ၊ ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်ပေမယ့် မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်ရှိနေပါတယ်။ ဆရာဝန် တွေကလည်း ၀င်ရောက်သတင်းမေးခွင့်ကို ကန့်သတ်ထားပါတယ်။ ကျမတို့ အလှဘုရင်မလေးဟာ ဒီအခက်အခဲကို ဖြတ်ကျော်နိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်” သူက ဗေးလ်ရီယာရဲ့ မိခင်ဖြစ်သူ စေရှီကို ပရိတ်သတ်တွေနဲ့ ဆက်သွယ် ပြန်ကြား ပေးဖို့ တောင်းဆိုပေးခဲ့တယ်လို့ ပြောပါတယ်။ မိခင်ဖြစ်သူက ဆုတောင်းပေးကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင် ကြောင်းပြောခဲ့ပြီး ဒီစာတွေကို သမီးဖြစ်သူကို ဖတ်ပြပေးခဲ့တယ်လို့ ပြောပါတယ်။ ဂျက်ဆီကာ နယူတန်က စပိန်ဘာသာနဲ့ ထုတ်လွှင့်တဲ့ 24 Horas ရုပ်သံသတင်း ဌာနကိုတော့ အလှမယ် ဗေးလ်ရီယာရဲ့ ရောဂါနဲ့ပတ်သက်ပြီး ခုလိုဖြေခဲ့တာပါ။ “သူဟာ မွေးကတည်းက ဒီရောဂါနဲ့ မွေးလာခဲ့တာ။ ခန္ဓာကိုယ်တွင်းက သူ့အလိုလို တုံ့ပြန်တိုက်ခိုက်တယ်။ ပြန်သက်လာလာဖို့ကတော့ ဆေးကုသမှုဆက်တိုက်ပေးဖို့ လိုပါတယ်။ ခုတော့ ပြန်တည်ငြိမ်လာပါပြီ။ သူ့ရဲ့ ကိုယ်တွင်းခုခံမှုစနစ်ဟာ အနည်းဆုံး မှာ ရှိနေတယ်” ဗေးလ်ရီယာဟာ ၂၀၁၆ ခုနှစ်မှာ ပီရူးနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် နိုင်ငံတ ကာစင်မြင့်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာလည်း ကမ္ဘာ့မော်ဒယ် အလှမယ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ပါသေးတယ်။
4 years Ago
Up