မမွေးသေးတဲ့သားအတွက်

September 14, 2019

မမွေးသေးတဲ့သားအတွက် ဖခင်ဖြစ်သူဖန်တီးထားသည့် ခေါက်ဆွဲခြောက်ရဲတိုက်

သက်တမ်းလွန်ခေါက်ဆွဲခြောက် အထုပ် ၂၀၀၀ ကျော်ကိုအသုံးပြုပြီး ကစားစရာ အိမ်တလုံးကို ဖန်တီးခဲ့တဲ့ တရုတ်နိုင်ငံက ဖခင်လောင်းတဦးဟာ သတင်းမီဒီယာတွေထက်မှာ ရေပန်းစားနေတယ်လို့ OC သတင်း မှာဖော်ပြပါတယ်။ သာမာန်နဲ့မတူဘဲ ထူးခြားနေတဲ့ ကစားစရာအိမ်တလုံးရဲ့ ဓာတ်ပုံတွေဟာ မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ တော်တော်လေးကို နာမည်ကြီးခဲ့ပါတယ်။  ဒီပုံတွေကို အိမ်တည်ဆောက်ခဲ့တဲ့ ဇန်းဆိုသူက လူမှုကွန်ရက်ပေါ် ကိုယ်တိုင်တင်ခဲ့တာပဲ ဖြစ်ပါတယ်။  ဇန်းဟာ တရုတ်အရှေ့မြောက်ပိုင်း ဂျီလင်ပြည်နယ်မှာနေ ထိုင်သူဖြစ်ပြီး သူနဲ့ ကော်ရယ်၊ ခေါက်ဆွဲခြောက်တွေရယ်ကိုပဲ အသုံးပြုပြီးတည်ဆောက်ထားတဲ့ သူ့အိမ်လေးဟာလည်း တရုတ်သတင်းထောက်တွေရဲ့ အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။  ဒီခေါက်ဆွဲခြောက်တွေကို သူ့သူငယ်ချင်း ကုန်စုံဆိုင်ပိုင်ရှင်တဦးထံက ရရှိခဲ့တာဖြစ်ပြီး ဖျက်ဆီးရမှာ နှမြောတာကြောင့် အိမ်ကိုယူလာခဲ့တာလို့ ဇန်းက ပြောပါတယ်။  ဇန်းကိုယ်တိုင်က အသင့်စားခေါက်ဆွဲတွေကို ကြိုက်သူဖြစ်ပေမယ့် အထုပ် ၂၀၀၀ ကျော်ကို စားပစ်ဖို့မဖြစ်နိုင်တာကြောင့် ဒီခေါက်ဆွဲတွေနဲ့ တခုခုလုပ်ဖို့ကို ကြိုးစား့ခဲပါတယ်။ အဲ့ဒီနောက်မှာတော့ မကြာခင်မွေးတော့မယ့် သူ့သားလေးအတွက် ကစားဖို့ အိမ်တလုံးဆောက်ဖို့ အကြံရခဲ့ပြီး အဲဒီအကြံအတိုင်း အကောင်အထည်ဖော်ခဲ့ပါတယ်။ သူ့ရဲ့ခေါက်ဆွဲခြောက်ရဲတိုက်ဟာ တမီတာရှည်ပြီး နှစ်မီတာအမြင့်ရှိတာကြောင့် ဒါဟာ သူ့သားလေးထက် လိုအပ်တာထက်ပိုပြီး ကြီးမားနေပါတယ်။  ဒီခေါက်ဆွဲခြောက်ရဲတိုက်ဟာ ပြတင်းပေါက်တွေပါ ပါဝင်ပြီးတော့ အထဲမှာလည်း အလင်းရောင်ရဖို့ မီးလုံးတပ်ဆင်ထားပါသေးတယ်။  ခေါက်ဆွဲခြောက်အဝိုင်းတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇန်းရဲ့ ခေါက်ဆွဲခြောက် ရဲတိုက်နဲ့ သူ့စိတ်ကူးကို တချို့လူတွေက ချီးကျူးကြပေမယ့် တချို့ကလည်း မမွေးသေးတဲ့ ကလေးလေးကို အန္တရာယ်ရှိတဲ့ ခေါက်ဆွဲခြောက်တွေ၊ ကော်တွေအသုံးပြုထားတဲ့ ကစားစရာ ဖန်တီးပေးတဲ့ သူ့လုပ်ရပ်ကို ဝေဖန်ပါတယ်။ ဇန်းဟာ ခေါက်ဆွဲခြောက် ရဲတိုက်တခုတည်ဆောက်ဖို့ ဘယ်လိုလုပ်စိတ်ကူးရသလဲဆိုတာ မပြောခဲ့ပေမယ့် ဒီရဲတိုက်ဟာ အသင့်စားခေါက်ဆွဲတွေကိုသုံးပြီး ကြွေပြားကနေ သစ်သား ပရိဘောဂတွေအထိ ပြင်ဆင်ပြခဲ့တဲ့ အွန်လိုင်းပေါ်က လက်မှုပညာရှင်တဦးကို အတုခိုးထား တာဖြစ်နိုင်တယ်လို့ အများစုက သုံးသပ်ပါတယ်။ =========================== မေမြးေသးတဲ့သားအတြက္ ဖခင္ျဖစ္သူဖန္တီးထားသည့္ ေခါက္ဆြဲေျခာက္ရဲတိုက္ DVB သက္တမ္းလြန္ေခါက္ဆြဲေျခာက္ အထုပ္ ၂၀၀၀ ေက်ာ္ကိုအသုံးျပဳၿပီး ကစားစရာ အိမ္တလုံးကို ဖန္တီးခဲ့တဲ့ တ႐ုတ္ႏိုင္ငံက ဖခင္ေလာင္းတဦးဟာ သတင္းမီဒီယာေတြထက္မွာ ေရပန္းစားေနတယ္လို႔ OC သတင္း မွာေဖာ္ျပပါတယ္။ သာမာန္နဲ႔မတူဘဲ ထူးျခားေနတဲ့ ကစားစရာအိမ္တလုံးရဲ႕ ဓာတ္ပုံေတြဟာ မၾကာေသးခင္က လူမႈကြန္ရက္ေပၚမွာ ေတာ္ေတာ္ေလးကို နာမည္ႀကီးခဲ့ပါတယ္။ ဒီပုံေတြကို အိမ္တည္ေဆာက္ခဲ့တဲ့ ဇန္းဆိုသူက လူမႈကြန္ရက္ေပၚ ကိုယ္တိုင္တင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဇန္းဟာ တ႐ုတ္အေရွ႕ေျမာက္ပိုင္း ဂ်ီလင္ျပည္နယ္မွာေန ထိုင္သူျဖစ္ၿပီး သူနဲ႔ ေကာ္ရယ္၊ ေခါက္ဆြဲေျခာက္ေတြရယ္ကိုပဲ အသုံးျပဳၿပီးတည္ေဆာက္ထားတဲ့ သူ႔အိမ္ေလးဟာလည္း တ႐ုတ္သတင္းေထာက္ေတြရဲ႕ အာ႐ုံစိုက္စရာျဖစ္ခဲ့ပါတယ္။ ဒီေခါက္ဆြဲေျခာက္ေတြကို သူ႔သူငယ္ခ်င္း ကုန္စုံဆိုင္ပိုင္ရွင္တဦးထံက ရရွိခဲ့တာျဖစ္ၿပီး ဖ်က္ဆီးရမွာ ႏွေျမာတာေၾကာင့္ အိမ္ကိုယူလာခဲ့တာလို႔ ဇန္းက ေျပာပါတယ္။ ဇန္းကိုယ္တိုင္က အသင့္စားေခါက္ဆြဲေတြကို ႀကိဳက္သူျဖစ္ေပမယ့္ အထုပ္ ၂၀၀၀ ေက်ာ္ကို စားပစ္ဖို႔မျဖစ္ႏိုင္တာေၾကာင့္ ဒီေခါက္ဆြဲေတြနဲ႔ တခုခုလုပ္ဖို႔ကို ႀကိဳးစား့ခဲပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မၾကာခင္ေမြးေတာ့မယ့္ သူ႔သားေလးအတြက္ ကစားဖို႔ အိမ္တလုံးေဆာက္ဖို႔ အႀကံရခဲ့ၿပီး အဲဒီအႀကံအတိုင္း အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ သူ႔ရဲ႕ေခါက္ဆြဲေျခာက္ရဲတိုက္ဟာ တမီတာရွည္ၿပီး ႏွစ္မီတာအျမင့္ရွိတာေၾကာင့္ ဒါဟာ သူ႔သားေလးထက္ လိုအပ္တာထက္ပိုၿပီး ႀကီးမားေနပါတယ္။ ဒီေခါက္ဆြဲေျခာက္ရဲတိုက္ဟာ ျပတင္းေပါက္ေတြပါ ပါဝင္ၿပီးေတာ့ အထဲမွာလည္း အလင္းေရာင္ရဖို႔ မီးလုံးတပ္ဆင္ထားပါေသးတယ္။ ေခါက္ဆြဲေျခာက္အဝိုင္းေတြကို အေျခခံၿပီး တည္ေဆာက္ထားတဲ့ ဇန္းရဲ႕ ေခါက္ဆြဲေျခာက္ ရဲတိုက္နဲ႔ သူ႔စိတ္ကူးကို တခ်ိဳ႕လူေတြက ခ်ီးက်ဴးၾကေပမယ့္ တခ်ိဳ႕ကလည္း မေမြးေသးတဲ့ ကေလးေလးကို အႏၲရာယ္ရွိတဲ့ ေခါက္ဆြဲေျခာက္ေတြ၊ ေကာ္ေတြအသုံးျပဳထားတဲ့ ကစားစရာ ဖန္တီးေပးတဲ့ သူ႔လုပ္ရပ္ကို ေဝဖန္ပါတယ္။ ဇန္းဟာ ေခါက္ဆြဲေျခာက္ ရဲတိုက္တခုတည္ေဆာက္ဖို႔ ဘယ္လိုလုပ္စိတ္ကူးရသလဲဆိုတာ မေျပာခဲ့ေပမယ့္ ဒီရဲတိုက္ဟာ အသင့္စားေခါက္ဆြဲေတြကိုသုံးၿပီး ေႂကြျပားကေန သစ္သား ပရိေဘာဂေတြအထိ ျပင္ဆင္ျပခဲ့တဲ့ အြန္လိုင္းေပၚက လက္မႈပညာရွင္တဦးကို အတုခိုးထား တာျဖစ္ႏိုင္တယ္လို႔ အမ်ားစုက သုံးသပ္ပါတယ္။
2 years Ago
Up