မမီးမီး ယာဉ်မတော်တဆဖြစ်ခဲ့သည့်နေရာတွင် နားနေဆောင်တခု ဆောက်လုပ်လှူဒါန်းမည်

August 16, 2018

မမီးမီး ယာဉ်မတော်တဆဖြစ်ခဲ့သည့်နေရာတွင် နားနေဆောင်တခု ဆောက်လုပ်လှူဒါန်းမည်

၈၈ မျိုးဆက်​​ကျောင်းသူ၊ ၈၈ မျိုးဆက်​ (ငြိမ်းချမ်း​ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင်​ဖြစ်​တဲ့ ​ဒေါ်သင်းသင်း​အေး ​ခေါ် မမီးမီး ယာဉ်​မ​တော်​တဆဖြစ်​ပွားခဲ့တဲ့ ​နေရာမှာ ခရီးသွားပြည်​သူ​တွေ နားခိုနိုင်​​အောင်​ နား​နေ​ဆောင်​တခု ​ဆောက်​လုပ်​လှူဒါန်းသွားမယ်​လို့ သိရပါတယ်​။ မမီးမီးဟာ သြဂုတ်​ ၁၃ ရက်​​နေ့က ပုသိမ်​မြို့မှ ရန်​ကုန်​အပြန်​ ရန်​ကုန်​-ပုသိမ်​ လမ်းမကြီး မိုင်​တိုင်​ ၇၁ မိုင်​ ၇ ဖာလုံ (၁၁၅ ကီလို) မှာ ယာဉ်​မ​တော်​တဆဖြစ်​ပြီး ​ကျောင်းကုန်း​ဆေးရုံမှာ ​ဆေးကုသမှုခံယူစဉ်​ ကွယ်​လွန်​သွားခဲ့တာပါ။ ကွယ်​လွန်​သွားတဲ့ မမီးမီးကို ရည်​စူးပြီး ​ကျောင်းကုန်းမြို့နယ်​ ၈၈ မျိုးဆက်​ (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦး​ဆောင်​ပြီး ​ဆောက်​လုပ်​လှူဒါန်းမယ်​လို့ မမီးမီးရဲ့ ခင်​ပွန်းဖြစ်​သူ ဦးလှမိုးက ​ပြောပါတယ်​။ "မမီးမီးအတွက်​ ရည်​စူးပြီး​ပေါ့​နော်​။ သူ့ရဲ့ ရဲ​ဘော်​ရဲဘက်​​တွေက သူ ယာဉ်​မ​တော်​တဆ ဖြစ်​ပွားခဲ့တဲ့​နေရာမှာ ခရီးသွားပြည်​သူ​တွေ သွားရင်းလာရင်း နားခိုနိုင်​​အောင်​ နားခို​ဆောင်​​လေးတခု ​ဆောက်​လုပ်​လှူဒါန်းမှာ​ပေါ့​နော်​။ အဲ့အတွက်​လည်း ​ကျေးဇူးတင်​ပါတယ်" လို့ မမီးမီးရဲ့ ခင်​ပွန်း ဦးလှမိုးက​ ပြောပါတယ်​။ မမီးမီးဟာ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တတ်တတ်ကြွကြွ ပါဝင်ခဲ့သူတဦးဖြစ်ပြီး ၁၉၈၈ ကနေ ၂၀၁၂ ခုနှစ်အတွင်း ထောင်ဒဏ်နှစ်ရှည် ၃ ကြိမ် အကျခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပြီး ၂၀၀၈ ခုအတွင်းမှာ တရားမ၀င်အသင်းဖွဲ့စည်းမှု၊ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပျားစေမှု၊ အီလက်ထရောနစ်ပုဒ်မတို့အပါအ၀င် ပုဒ်မအနည်းဆုံး ၅ ခုနဲ့ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသူလည်းဖြစ်ပြီး၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အကျဉ်းထောင်က လွတ်မြောက်ခဲ့ပါတယ်။ မမီးမီး ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး သား ၁ ဦး၊ သမီး ၁ ဦးနဲ့ မြေး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။
3 years Ago
Up