မန်စီးတီး ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူဖို့ မဖြစ်နိုင်တော့ကြောင်း ကစားသမားဟောင်း ဂျေမီရက်ဒ်နက်က သုံးသပ်လိုက်ပါတယ်။
မန်စီးတီးအသင်းဟာ မန်ယူနဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁၄ မှတ်အထိ ကွာဟသွားခဲ့တာပါ။
စကိုင်းစပေါ့မှာ ဘောလုံးကျွမ်းကျင်သူအဖြစ် တင်ဆက်နေတဲ့ လီဗာပူးနဲ့ စပါး ကစားသမားဟောင်း ဂျေမီရက်ဒ်နက်ကတော့ ၁၄ မှတ်အထိ ကွာဟသွားလို့ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ခဲ့တာပါ။
မန်စီးတီးအသင်းအနေနဲ့ ပြိုင်ဘက် လီဗာပူးနဲ့ အမှတ်ပြတ်သွားခဲ့ရတာဟာ ခံစစ်ပိုင်းမှာ ကစားသမားသစ်ခေါ်ဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ ရက်ဒ်နက်က သုံးသပ်ပါတယ်။
1 year Ago