မန်ယူအသင်းဆီ ပြောင်းရွှေ့ကစားချင်ခဲ့ပေမယ့် ရွိုင်ကိန်းနဲ့ ပေါလ်စခိုးတို့ရှိတာကြောင့် ပြောင်းရွှေ့ မကစားခဲ့တာလို့ အီတလီကစားသမားဟောင်း ဒီရော့စီကပြောပါတယ်။
ကွင်းလယ်ကစားသမားဟောင်း ဒီရော့စီဟာ ရိုးမားအသင်းမှာ ၂၀၀၁ကနေ ၂၀၁၉ခုနှစ်အထိ ၁၈ နှစ်ကြာကစားခဲ့ပြီး အခုနှစ် ဇန်နဝါရီလကမှ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းကို ငယ်စဉ်ကတည်းက အားပေးခဲ့ပြီး ရွိုင်ကိန်း နဲ့ပေါလ်စခိုးတို့လို အရည်အချင်းရှိ ကစားသမားတွေရှိတာကြောင့် အသင်းပြောင်းရွှေ့ခြင်းမရှိခဲ့တာလို့ ဒီရော့စီက ပြောပါတယ်။
ဒီရော့စီဟာ ပြီးခဲ့တဲ့ရာသီက အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းမှာ ၆ လခန့် ပြောင်းရွှေ့ကစားပြီးနောက် အနားယူခဲ့တာပါ။
ရိုးမားအသင်းကို နည်းပြဖို့ဆန္ဒရှိပြီး လောလောဆယ်မှာတော့ နည်းပြနဲ့ပတ်သက်တဲ့ သင်တန်းတွေ တက်ရောက်သွားမယ်လို့ ဒီရော့စီက ပြောကြားခဲ့ပါတယ်။
11 months Ago