မန်‌နေဂျာ ဝေဖန်

February 11, 2020

မက်ဂရီဂေါနှင့် လမ်းပေါ်မှာပဲ ထိုးသတ်ရန် ဖြစ်နိုင်ဟု ခါဘီ၏မန်‌နေဂျာ ဝေဖန်

မက်ဂရီဂေါနဲ့ ထိုးသတ်ဖို့ ဖြစ်နိုင်မယ့် တခုတည်းသော အကြောင်းအရာကတော့ လမ်းပေါ်မှာပဲ ထိုးသတ်ဖို့ ဖြစ်လာနိုင်တယ်လို့ ခါဘီရဲ့ မန်‌နေဂျာဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။  UFC နာမည်ကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါဟာ အရှုပ်ထုပ်ဖြစ်တယ်လို့ ပြောကြားထားပြီး အစဉ်အမြဲ ပြဿနာရှာလေ့ ရှိကြောင်း၊ မိသားစုအရေး၊ ပြိုင်ပွဲ၊ ဘာသာရေးတွေနဲ့ပတ်သက်လာရင် အစဉ်အမြဲ ဘောင်ကျော‌ စည်းကျော် လုပ်ဆောင်တတ်သူ ဖြစ်လို့ လုံးဝ မကြိုက်ဘူးလို့ ခါဘီရဲ့ မန်နေဂျာက ဆိုပါတယ်။  လတ်တလောမှာတော့ UFC မှာ တကျော့ပြန် ကွင်းထဲ ပြန်ဝင်လာတဲ့ မက်ဂရီဂေါဟာ ကောင်းဘွိုင် ခေါ် ‌ဒေါ်နယ်ကာရုန်းကို စက္ကန့် ၄၀ နဲ့ အနိုင်ရရှိပြီး ပုံစံကောင်း ပြသထားနိုင်သလို UFC ရဲ့ လိုက်ဝိတ်တန်း ချန်ပီယံ ခါဘီကလည်း နောက်ဆုံးပွဲမှာ ပရိုင်အိုရာကို အလဲထိုး အနိုင်ယူပြထားပါတယ်။
1 year Ago
Up