မန်းမြို့စျေး

July 5, 2021

မန္တလေးမြို့ မန်းမြို့စျေးအရှေ့ပေါက် ယာဉ်တိုက်မှု ၁ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

မန္တလေးမြို့၊  ၈၄ လမ်း၊ ၃၉ လမ်းနှင့် ၄၀ လမ်းကြား မန်းမြို့စျေးအရှေ့ပေါက်မှာ ဇူလိုင် ၄ ရက် ည ၇ နာရီ ၁၅ မိနစ်လောက်က  ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရလူနာ ၁၂ ဦးရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းက သိရပါတယ်။

အိမ်စီးကားတစ်စီးက ဆိုင်ကယ်အား ရှောင်တိမ်းစဉ် ဓာတ်တိုင်ကို ဝင်တိုက်ခဲ့တာကြောင့် ဓာတ်တိုင်ကျိုးသွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၁၂ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့ကာ နှစ်ဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်

ဒီထိခိုက်ဒဏ်ရာရသူတွေထဲမှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်သူတွေ ရှိသလို အနီးဝန်းကျင်မှ သွားရောက်ကူညီသူတချို့  ဓာတ်လိုက်တာတွေရှိတယ်လို့ ကနဦး သိရပြီး ဖြစ်စဉ်အသေးစိတ် မသိရသေးပါဘူး

7 months Ago
Up