မန်ယူ နောက်ခံလူဟောင်း

June 3, 2020

ဆန်ချိုဟာ စီရော်နယ်ဒိုကဲ့သို့ ခြေစွမ်းရှိဟု မန်ယူနောက်ခံလူဟောင်း ဝက်စ်ဘရောင်း ချီးကျူး

ဂျေဒန်ဆန်ချိုဟာ စီရော်နယ်ဒိုလို စွမ်းဆောင်ရည်ရှိတဲ့ ကစားသမားဖြစ်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဝက်စ်ဘရောင်းက ချီးကျူးလိုက်ပါတယ်။  ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို မန်ယူအသင်းက ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။ မန်ယူကစားသမားဟောင်း ဝက်စ်ဘရောင်းကလည်း ဆန်ချိုကို ခေါ်ယူသင့်ကြောင်း ထောက်ခံပြောကြားခဲ့ပြီး စိတ်လှုပ်ရှားစရာ ခြေစွမ်းရှိသူလို့ ချီးကျူးပါတယ်။ အသင်းရဲ့သမိုင်းမှာ စီရော်နယ်ဒိုလို ကစားသမားမျိုးရှိခဲ့ဖူးပြီး ဆန်ချိုဟာ စီရော်နယ်ဒိုလိုပဲ နောက်ခံလူ သုံး လေးယောက်ကို လှည့်စားပြီး တခြားကစားသမားအတွက် ကစားရ လွယ်ကူစေတဲ့ ခြေစွမ်းရှိသူလို့ ဝက်စ်ဘရောင်းက  ချီးကျူးခဲ့တာပါ။  ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုကို ခေါ်ယူနိုင်မယ်ဆိုရင် အလွန်ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာမယ်လို့ ဝက်စ်ဘရောင်းက ပြောပါတယ်။ ဒေါ့မွန်အသင်းကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားပါတယ်။
1 year Ago
Up