မန်ယူအသင်းနှ

August 23, 2019

မန်ယူအသင်းနှင့်ပတ်သက်၍ တိုက်စစ်မှူး လူကာကူ ဝေဖန်

မန်ယူအသင်းဟာ သူနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေကို ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ဘူးလို့ တိုက်စစ်မှူးလူကာကူက ဝေဖန်လိုက်ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးလူကာကူဟာ ပြီးခဲ့တဲ့ရာသီဝက်လောက်ကတည်း နည်းပြ အိုလေဆိုးလ်ရှား ရောက်ရှိလာပြီးနောက်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်မသေချာတော့တဲ့နောက် အသင်းနဲ့ ပတ်သက်ပြီး မကျေလည်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။  အင်တာမီလန်အသင်းဆီရောက်ရှိသွားတဲ့အချိန်မှာတော့ မန်ယူအသင်းမှာ ဘယ်လို ဆက်ဆံခံခဲ့ရသလဲ ဆိုတာကို ထုတ်ဖော်ပြောပြသွားခဲ့ပြီး အသင်းဟောင်းကို ထိုးနှက်ခဲ့တာပါ။ ယူနိုက်တက်ဟာ မိမိအပေါ်မှာ  ကာကွယ်မူတွေရှိခဲ့တယ်လို့ မခံစားခဲ့ရဘဲ ကောလာဟလတွေ အများကြီးတွေ့ကြုံခဲ့ရပြီး အဲဒါတွေကို ရပ်တန့်ဖို့အတွက် တယောက်ယောက်က လုပ်ဆောင်ပေးနိုင်မယ်လို့ စောင့်မျှော်ခဲ့ပေမယ့် ဖြစ်မလာခဲ့တာကြောင့် အသင်းနဲ့လမ်းခွဲခဲ့တာလို့ လူကာကူကပြောပါတယ်။  အသင်းမှာ ပျော်ရွှင်နေမယ်ဆိုရင် အရန်ခုံထိုင်နေရတာ၊ ပွဲထွက်ကစားနေရတာတွေက ပြဿနာမရှိဘူးလို့ လူကာကူကဆိုပါတယ်။  မန်ယူအသင်းအနေနဲ့ မိမိတို့ကို လူနုံလူအတွေလို သဘောထားခဲ့ကြကြောင်းနဲ့ ဘယ်သူက ဘာလဲဆိုတာ သိရှိခဲ့ပြီးနောက်မှာတော့ အဆင်မပြေတော့တဲ့အတွက် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ လူကာကူက ပြောကြားခဲ့ပါတယ်။
မန္ယူအသင္းႏွင့္ပတ္သက္၍ တိုက္စစ္မႉး လူကာကူ ေဝဖန္ DVB မန္ယူအသင္းဟာ သူနဲ႔ ပတ္သက္တဲ့ ေကာလာဟလ သတင္းေတြကို ေျဖရွင္းေပးႏိုင္ျခင္းမရွိခဲ့ဘူးလို႔ တိုက္စစ္မႉးလူကာကူက ေဝဖန္လိုက္ပါတယ္။ ဘယ္လ္ဂ်ီယံ တိုက္စစ္မႉးလူကာကူဟာ ၿပီးခဲ့တဲ့ရာသီဝက္ေလာက္ကတည္း နည္းျပ အိုေလဆိုးလ္ရွား ေရာက္ရွိလာၿပီးေနာက္ပိုင္းမွာ ပုံမွန္ပြဲထြက္ခြင့္မေသခ်ာေတာ့တဲ့ေနာက္ အသင္းနဲ႔ ပတ္သက္ၿပီး မေက်လည္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။ အင္တာမီလန္အသင္းဆီေရာက္ရွိသြားတဲ့အခ်ိန္မွာေတာ့ မန္ယူအသင္းမွာ ဘယ္လို ဆက္ဆံခံခဲ့ရသလဲ ဆိုတာကို ထုတ္ေဖာ္ေျပာျပသြားခဲ့ၿပီး အသင္းေဟာင္းကို ထိုးႏွက္ခဲ့တာပါ။ ယူႏိုက္တက္ဟာ မိမိအေပၚမွာ ကာကြယ္မူေတြရွိခဲ့တယ္လို႔ မခံစားခဲ့ရဘဲ ေကာလာဟလေတြ အမ်ားႀကီးေတြ႕ႀကဳံခဲ့ရၿပီး အဲဒါေတြကို ရပ္တန႔္ဖို႔အတြက္ တေယာက္ေယာက္က လုပ္ေဆာင္ေပးႏိုင္မယ္လို႔ ေစာင့္ေမွ်ာ္ခဲ့ေပမယ့္ ျဖစ္မလာခဲ့တာေၾကာင့္ အသင္းနဲ႔လမ္းခြဲခဲ့တာလို႔ လူကာကူကေျပာပါတယ္။ အသင္းမွာ ေပ်ာ္႐ႊင္ေနမယ္ဆိုရင္ အရန္ခုံထိုင္ေနရတာ၊ ပြဲထြက္ကစားေနရတာေတြက ျပႆနာမရွိဘူးလို႔ လူကာကူကဆိုပါတယ္။ မန္ယူအသင္းအေနနဲ႔ မိမိတို႔ကို လူႏုံလူအေတြလို သေဘာထားခဲ့ၾကေၾကာင္းနဲ႔ ဘယ္သူက ဘာလဲဆိုတာ သိရွိခဲ့ၿပီးေနာက္မွာေတာ့ အဆင္မေျပေတာ့တဲ့အတြက္ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တာလို႔ လူကာကူက ေျပာၾကားခဲ့ပါတယ္။
2 years Ago
Up