မန်ယူဘုတ်အဖွဲ့

October 2, 2020

ဆိုးလ်ရှား လိုချင်သည့် ကစားသမားများကို မန်ယူဘုတ်အဖွဲ့ ခေါ်ပေးသင့်ဟု ဖလက်ချာ ပြော

နည်းပြ ဆိုးလ်ရှား လိုချင်တဲ့ ကစားသမားတွေကို မန်ယူအသင်းအနေနဲ့ ခေါ်ယူ ပေးသင့်တယ်လို့ ကစားသမားဟောင်း ဖလက်ချာက တိုက်တွန်းလိုက်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတလျှောက်လုံးမှာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမဲ့ အပြောင်းအရွှေ့ဖြစ်မလာ သေးတာပါ။  ဒေါ့မွန်ဘက်က ပေါင် ၁၀၈ သန်းအထိ အလိုရှိနေပြီး မန်ယူအသင်းဘက်က အဲဒီပမာဏကို ပေးချေဖို့ ဆန္ဒမရှိတာကြောင့် ကြန့်ကြာနေတာဖြစ်ပါတယ်။  မန်ယူကွင်းလယ်ကစားသမားဟောင်း ဖလက်ချာကတော့  နည်းပြဆိုးလ်ရှားက  ကစားသမားသစ်တွေ ဝယ်ယူပေးဖို့ ထိုက်တန်တဲ့နည်းပြဖြစ်ပြီး  ကစားသမားသစ် ၃ ဦးကနေ ၅ ဦး အထိ ခေါ်ယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။  ရာသီကုန်ဆုံးချိန်မှာ အသင်းရလဒ်နဲ့ချိန်ထိုးပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ဆုံးဖြတ်မှာ ဖြစ်တာကြောင့် နည်းပြဆိုးလ်ရှားအတွက် ကစားသမားသစ်တွေ ဝယ်ယူပေးဖို့ လိုအပ်တယ်လို့ လည်း ဖလက်ချာက ပြောပါတယ်။  မန်ယူအသင်းဟာ အခုအပြောင်းအရွှေ့မှာ ဗန်ဒီဘိခ် တဦးတည်းသာ ခေါ်ယူပေးထားတာ ဖြစ်ပါတယ်။ 
7 months Ago
Up