မန်ယူနှင့်အာဆင်နယ်ပွဲ

September 29, 2019

ပရီးယားလိဂ် မန်ယူနှင့်အာဆင်နယ်ပွဲ ပေါ့ဘာ ပါဝင်ရန် မသေချာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အင်္ဂါနေ့မနက် အစောပိုင်းမှာကစားမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။  ပေါ့ဘာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကကစားခဲ့တဲ့ ရော့ချ်ဒေးလ်အသင်းနဲ့ EFL တတိယအဆင့်ပွဲစဉ်မှာ ပါဝင်လာခဲ့ပေမယ့် လာမယ့်ပြိုင်ပွဲမှာ ဒဏ်ရာပြသနာကြောင့် ပါဝင်ဖို့ မသေချာဖြစ်နေတာပါ။  ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ၆ ပွဲကစားထားရာမှာ ၈ မှတ်သာရရှိထားတဲ့အပြင် ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၁၃ မှတ်ကွာဟနေပါတယ်။  လာမယ့် အာဆင်နယ်အသင်းနဲ့ပွဲစဉ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက နောက်ဆုံးတွေ့ဆုံမှုမှာ အာဆင်နယ်အသင်းက ၂ ဂိုးပြတ် အနိုင်ရရှိထားပါတယ်။  ဒါပေမယ့် အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိရာသီမှာ အိမ်ကွင်းပွဲစဉ် ၆ ပွဲကစားထားရာမှာ ၃ ပွဲထိ ရှုံးပွဲကြုံထားပါတယ်။ =========================== ပရီးယားလိဂ္ မန္ယူႏွင့္အာဆင္နယ္ပြဲ ေပါ့ဘာ ပါဝင္ရန္ မေသခ်ာ DVB မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာဟာ အဂၤါေန႔မနက္ အေစာပိုင္းမွာကစားမယ့္ အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါဝင္ႏိုင္ဖို႔ မေသခ်ာဘူးလို႔ သိရပါတယ္။ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကကစားခဲ့တဲ့ ေရာ့ခ်္ေဒးလ္အသင္းနဲ႔ EFL တတိယအဆင့္ပြဲစဥ္မွာ ပါဝင္လာခဲ့ေပမယ့္ လာမယ့္ၿပိဳင္ပြဲမွာ ဒဏ္ရာျပသနာေၾကာင့္ ပါဝင္ဖို႔ မေသခ်ာျဖစ္ေနတာပါ။ ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အသင္းဟာ ၆ ပြဲကစားထားရာမွာ ၈ မွတ္သာရရွိထားတဲ့အျပင္ ထိပ္ဆုံးက လီဗာပူးအသင္းနဲ႔ ၁၃ မွတ္ကြာဟေနပါတယ္။ လာမယ့္ အာဆင္နယ္အသင္းနဲ႔ပြဲစဥ္ကို အိမ္ကြင္းမွာ လက္ခံကစားရမွာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ေနာက္ဆုံးေတြ႕ဆုံမႈမွာ အာဆင္နယ္အသင္းက ၂ ဂိုးျပတ္ အႏိုင္ရရွိထားပါတယ္။ ဒါေပမယ့္ အိုးထရက္ဖိုဒ့္မွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၂ ပြဲဆက္တိုက္ ရႈံးပြဲမရွိေသးတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ လက္ရွိရာသီမွာ အိမ္ကြင္းပြဲစဥ္ ၆ ပြဲကစားထားရာမွာ ၃ ပြဲထိ ရႈံးပြဲႀကဳံထားပါတယ္။
2 years Ago
Up