မန်ယူနိူက်တက်

October 21, 2019

ပြိုင်ဆိုင်မှု ပြင်းထန်သည့် မန်ယူနိူက်တက်နှင့် လီဗာပူးတို့ ၁ ဂိုးစီ သရေကျ (ရုပ်သံ)

မနေ့ညက  ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းကြီး နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိူက်တက်နဲ့ လီဗာပူးတို့ ပွဲစဉ်မှာ တဖက် တဂိုးစီ သရေကျသွားပါတယ်။  ပြိုင်ဘက်အသင်းတွေ ဆုံတာဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ အိမ်ရှင် မန်ယူနိူက်တက်က ၃၆ မိနစ်မှာ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။  လီဗာပူးက ၄၃ မိနစ်လောက်မှာ တိုက်စစ်မှူး မာနေး ချေပဂိုး ပြန်သွင်းပေမယ့် VAR စနစ်နဲ့ ပြန်ကြည့်ရာမှာ လက်ထိလို့ ဂိုးအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။  ဒုတိယပိုင်းမှာ လီဗာပူးက ကစားသမား အပြောင်းအလဲလုပ်ပြီး ချေပဂိုးသွင်းနိုင်ဖို့ ဖိအားပေး ကစားသွားခဲ့ပါတယ်။  ချေပဂိုးကို ဟန်ဒါဆန်အစား လူစားဝင်လာတဲ့ လာလာနာက လွတ်လွတ်ကျွတ်ကျွတ်ပဲ သွင်းယူပါတယ်။  ဒီပွဲ သရေကျလို့ နိုင်ပွဲဆက်နေတဲ့ လီဗာပူးအသင်း ၁၈ ပွဲမြောက်မှာ နိုင်ပွဲ ရပ်တန့်သွားပါတယ်။  အမှတ်ပေးဇယားမှာတော့ လီဗာပူးက ၂၅ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၆ မှတ်ဖြတ်ထားဆဲ ဖြစ်ပါတယ်။
2 years Ago
Up