မန်ယူနိုက်တက် လျာထား

January 26, 2020

နည်းပြ ဆိုးလ်ရှားနေရာတွင် အစားထိုးရန် နည်းပြနှစ်ဦး မန်ယူနိုက်တက် လျာထား

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့အတွက်  နည်းပြ နှစ်ဦးကို လျာထားပြီ ဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းကောင်း ပြသနိုင်ခြင်းမရှိခဲ့ဘဲ ရလဒ်ဆိုးရွားမှုတွေ ရှိနေတာကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲမှာ လီဗာပူးနဲ့ ဘန်လေအသင်းတွေကို ဂိုးမသွင်းနိုင်ခဲ့ဘဲ ၂ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ရတဲ့အပေါ်မှာ ပရိသတ်တွေကလည်း စိတ်ပျက်နေပြီး အသင်းကို ဆန္ဒပြဖို့အထိ စီစဉ်နေတာပါ။ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ ဆိုးလ်ရှားကို စောင့်ကြည့်သွားဦးမှာ ဖြစ်ပေမယ့်  ရှုံးပွဲတွေ ဆက်တိုက်တွေ့နေမယ်ဆိုရင်တော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုတို့ကို ခန့်အပ်ဖို့ လျာထားတယ်လို့ သိရပါတယ်။  အင်္ဂလန်လက်ရွေးစင် နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်လေ့ကျင့်ရေးကွင်းကို အမြဲတစေ လာရောက်ကြည့်ရှုလေ့ရှိပြီး ကစားသမားတွေရဲ့ တိုးတက်မှုကို ချီးကျူး ပြောကြားဖူးတယ်လို့ သိရပါတယ်။
1 year Ago
Up