မန်ယူနိုက်တက် နည်းပြ

A d v e r t i s e m e n t With Us

December 29, 2019

ကွင်းလယ်လူ ဖရက်ဒ်ကို မန်ယူနိုက်တက်နည်းပြ ချီးကျူး

ကွင်းလယ်လူ ဖရက်ဒ် ခြေစွမ်းကောင်းမွန်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်ထားမှာ မဟုတ်ကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ ဘရာဇီး ကွင်းလယ်လူ ဖရက်ဒ်ဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့ဖူးပြီး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရဖူးတာပါ။ ဒါပေမဲ့လည်း ကွင်းလယ်လူတွေ ဖြစ်တဲ့ ပေါ့ဘာနဲ့ မာတစ် မကစားနိုင်ချိန်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဖရက်ဒ်ကို နည်းပြ ဆိုးလ်ရှားက ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးလလောက်ဆိုရင် ဖရက်ဒ်ကို အခုလို ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ကြောင်း၊ ဘန်လေအသင်းလို ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရချိန်မှာ ဖရက်ဒ်ရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ဆိုးလ်ရှားက ပြောကြားခဲ့တာပါ။ အသက် ၂၆ နှစ်ရှိ ဖရက်ဒ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံမှာ ၂၁ ပွဲအထိ ကစားခွင့် ရရှိထားပါတယ်။
1 year Ago
Up