မန်ယူနိုက်တက်ဂိုးသမား

September 17, 2020

ပရီးမီးယားလိဂ်၏ လုပ်ခအများဆုံးစာရင်းတွင် ဂိုးသမား ဒီဂီယာ ထိပ်ဆုံး ဆက်ရပ်တည်

ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံး ကစားသမားစာရင်းမှာ မန်ယူနိုက်တက်ဂိုးသမား ဒီဂီယာက နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။  ဂိုးသမားဒီဂီယာက တစ်ပတ်လုပ်ခပေါင် ၃ သိန်း ၇ သောင်း ၅ ထောင် ရရှိနေတယ်လို့ သိရပါတယ်။  အာဆင်နယ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းက တစ်ပတ်လုပ်ခပေါင် ၃ သိန်းခွဲရရှိမှာဖြစ်ပြီး အသင်းဖော် အိုဇေးလ်နဲ့အတူ နံပါတ် ၂ နေရာမှာ ရပ်တည်ပါတယ်။  အဲဒီနောက်မှာ မန်စီးတီးက စတာလင်က တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း၊ မန်ယူကွင်းလယ်လူ ပေါ့ဘာက တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၉ သောင်းနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။  အဲဒီနောက်မှာ ဒီဘရိုင်း၊ မာရှယ်၊ ဆာလက်၊ အဂွဲရိုး၊ ဝီလီယံနဲ့ ဟယ်ရီကိန်းတို့က အစဉ်လိုက် ရပ်တည်ပါတယ်။  ချဲလ်ဆီးအသင်းမှာတော့ နောက်ခံလူသစ် ဘင်ချီဝဲလ်က တစ်ပတ်လုပ်ခပေါင် ၁ သိန်း ၉ သောင်းနဲ့ အများဆုံးရရှိနေတာဖြစ်ပါတယ်။ 
1 year Ago
Up