ပွဲထွက်ကစားခွင့် မပေးပါက မန်ယူနိုက်တက်ကို ပြန်လာဖို့ စိတ်မဝင်စားဘူးလို့ ရှက်ဖီး ဂိုးသမား ဒီးဟန်ဒါဆန်က သတိပေးလိုက်ပါတယ်။
မန်ယူနိုက်တက် ဂိုးသမား ဒီးဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားစာချုပ်နဲ့ သွားရောက် ကစားနေတာဖြစ်ပြီး အထူးလက်စွမ်းပြသနေတာပါ။
လီဗာပူး ဂိုးသမား အလီဆွန်နဲ့ ဘန်လေဂိုးသမား တွမ်ပုတ်တို့လို ပေးဂိုးမရှိတဲ့ပွဲစဉ် ၉ ပွဲအထိ ရရှိထားတဲ့ ဒီးဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ ထွန်းတောက်လာမယ့် နောက်ထပ် ဂိုးသမားသစ်တဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
လက်စွမ်းပြသနေတဲ့ ဟန်ဒါဆန်ကို ယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူဖို့ ရှိပေမယ့် ဟန်ဒါဆန်ကတော့ ပုံမှန်ပွဲထွက်ခွင့်မရပါက ပြန်လာဖို့ စိတ်ကူးမရှိကြောင်း သတိပေးသွားခဲ့တာပါ။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်ဂိုးသမားဟာ ပြီးခဲ့တဲ့နှစ်က အင်္ဂလန် ယူ-၂၁ အသင်းမှာလည်း ပါဝင်ခဲ့ပြီး အသင်းကြီးလူစာရင်းမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာ ပြသနေတဲ့ လက်စွမ်းအရလည်း ယူရို ၂၀၂၀ ပြိုင်ပွဲကြီးမှာ ဆက်လက်ရွေးချယ်ခံရဖို့ ရှိနေပါတယ်။
1 year Ago