မန်ယူနည်းပြဆိုးလ်ရှား

A d v e r t i s e m e n t With Us

December 3, 2020

ချန်ပီယံလိဂ်အုပ်စုအဆင့်တက်ရေး အခွင့်အရေးရှိဆဲဟု မန်ယူနည်းပြဆိုးလ်ရှားပြော

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မယ့်အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ ရှိနေ သေးတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားကပြောပါတယ်။  မန်ယူအသင်းဟာ ဒီနေ့မနက်ပိုင်းက ကစားသွားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ အိမ်ကွင်းပွဲစဉ်မှာ ၃ဂိုး ၁ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။  လက်ရှိအုပ်စု ရပ်တည်မှုအရ မန်ယူ၊ ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တ ၃ သင်းစလုံး ရမှတ် ၉ မှတ်စီတူညီသွားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရထားတဲ့ မန်ယူက အဆင့်တစ်နေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။  အုပ်စုနောက်ဆုံးပွဲစဉ်မှာ မန်ယူအသင်းက လိုက်ဇစ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အနည်းဆုံးသရေ တစ်မှတ်ရ ယူနိုင်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။  နည်းပြ ဆိုးလ်ရှားကလည်း နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ ရှိ နေသေးသလို ခြေစွမ်းတိုးတက်လာနိုင်သေးတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ကွင်းလယ်လူ ဖရက်ဒ်ဟာ ဒုတိယပိုင်းမိနစ် ၇၀ မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး  ပထမပိုင်းကတည်းက ပါရီဒက်စ်ကို ခေါင်းနဲ့တိုက်ခဲ့ပေမဲ့ အထုတ်မခံခဲ့ရတာက ကံကောင်းခဲ့ တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  ဖရဒ်အနီကတ်ပြခံခဲ့ရတဲ့ ဟာရဲယားကို ဖျက်ထုတ်မှုကတော့ ပြစ်ဒဏ်ဘောတောင် မပေးသင့်တဲ့အခြေအနေဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။ 
3 months Ago

July 4, 2020

ဂရင်းဝုဒ်ခြေစွမ်း ပိုကောင်းလာမည်ဟု မန်ယူနည်းပြဆိုးလ်ရှား သုံးသပ်

လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ခြေစွမ်းပိုကောင်းလာဖို့ ရှိသေးတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။  အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ဂရင်းဝုဒ်ဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားထားပြီး ၁၃ ဂိုးသွင်းယူထားတာပါ။  ငယ်ရွယ်တဲ့ ကစားသမားတဦးအနေနဲ့ အဲဒီလိုခြေစွမ်းပြသနိုင်ဖို့က ခက်ခဲပြီး ဂရင်းဝုဒ်ဟာ ပွဲထွက်ကစားသည်ဖြစ်စေ၊ လူစားဝင်ကစားရသည်ဖြစ်စေ အကောင်းဆုံးခြေစွမ်း ပြသနိုင်သူဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။  ဂရင်းဝုဒ်ဟာ သူဘာလုပ်ရမလဲ ဆိုတာသိပြီး လက်ရှိခြေစွမ်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် ပိုကောင်းတဲ့ခြေစွမ်း ရရှိလာလိမ့်မယ်လို့ ဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။  ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ မန်ယူအသင်းဟာ  ဒီနေ့ည ၈ နာရီခွဲ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ 
8 months Ago
Up