မန်ယူနည်းပြဆိုးလ်ရှာ

December 13, 2019

ဇန်နဝါရီအပြောင်းအရွှေ့ ကစားသမားသစ် ခေါ်ယူမည်ဟု မန်ယူနည်းပြပြော

ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူသွားမယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်ရောက်ရင် အသင်းရဲ့နေရာ အတော်များများမှာ အင်အားဖြည့်တင်းဖို့ ရှာဖွေနေပြီး ကစာသမားအင်အားက တခြားအသင်းတွေနဲ့ သိပ်မကွာပေမယ့်လည်း တရာသီလုံးအတွက်ဆိုရင်  ၂ ယောက် ၃ ယောက်လောက် ခေါ်ယူမှ အလှည့်ကျသုံးစွဲဖို့ လုံလောက်မှာဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက အတည်ပြု ခဲ့တာပါ။ အပြောင်းအရွှေ့သတင်းတွေအရတော့ သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းမှာ ၂၂ ပွဲကစား ၂၈ ဂိုးသွင်းယူထားတဲ့ နော်ဝေတိုက်စစ်မှူးဟာလန်းက ယူနိုက်တက်ရဲ့နံပါတ် တစ်ပစ်မှတ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွင်းလယ်ကစားသမား ပေါ့ဘာနေရာမှာ အစားထိုးဖို့အတွက် အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ်နီးဂွက်ဇ်၊ အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒါဘိခ် တို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 
2 years Ago
Up