မန်ယူအသင်းဟာ ဂျက်ဂရီးလစ်ချ်ကိုခေါ်ဖို့ ဂိုးသမားရိုမဲရိုးကို အလိုက်ပေးကမ်းလှမ်းမယ်လို့ သိရပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်မှာ အငှားချထားတဲ့ ဂိုးသမား ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူခဲ့တာ ကြောင့် အရန်ဂိုးသမား ရိုမဲရိုးကို လက်လွှတ်ဖို့ မန်ယူအသင်းက စီစဉ်ထားတာပါ။
အာဂျင်တီးနား ဂိုးသမားဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဆန္ဒရှိနေပြီး ဗီလာအသင်းကလည်း ဂိုးသမားတဦး ရှာဖွေနေတယ်လို့ သိရပါတယ်။
ဂရီးလစ်ချ်အတွက် ပေါင်သန်း ၇၀ ပေးချေရန် အက်စတွန်ဗီလာအသင်းက သတ်မှတ်ထားပါ တယ်။
ဗီလာအသင်းဟာ ဘုန်းမောက်ဂိုးသမား အာရွန်ရမ်စ်ဒဲလ်ကို ပေါင် ၁၈ သန်းခန့်နဲ့ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာ မန်ယူအသင်းက ရိုမဲရိုးနဲ့ မက်လုံးပေးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်ခန်းပြန်လည်စတင်ခြင်း မရှိ သေးဘဲ အသင်းခေါင်းဆောင် ဂရီးလစ်ချ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မကြာခင်မှာ တစုံတရာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ သိရပါတယ်။
8 months Ago