မန်ယူကွင်းလယ်လူ

October 11, 2020

မန်ယူကွင်းလယ်လူကို မြင့်မားသည့်လုပ်ခဖြင့် ဆော်ဒီကလပ်ကမ်းလှမ်း

မန်ယူကွင်းလယ်လူ မာတာကို  ဆော်ဒီကလပ်တွေက မြင့်မားတဲ့လုပ်ခနဲ့ ခေါ်ယူဖို့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။  အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ စပိန်ကွင်းလယ်လူ မာတာဟာ မန်ယူမှာ ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေပြီး လိဂ်ဖလားပွဲစဉ်တွေမှာပဲ ကစားနေရတာပါ။  အပြောင်းအရွှေ့ ကျွမ်းကျင်သူတဦးဖြစ်တဲ့ မက်ဂရေးကတော့ မာတာကို ခေါ်ယူဖို့ အမည်ဖော်ပြလိုခြင်းမရှိတဲ့ ဆော်ဒီအာရေဗျကလပ်အသင်းတသင်းက စိတ်ဝင်စားနေပြီး မက်လောက်စရာလုပ်ခပေးနဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။  မာတာအနေနဲ့ တစ်နှစ်ကိုလုပ်ခ ပေါင် ၁၅ သန်း အထိရရှိနိုင်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ၃၇ ပွဲ ကစားခဲ့ရတဲ့ မာတာဟာ အခုနှစ်မှာတော့ ကစားသမားသစ်တွေ ရောက်ရှိလာတာကြောင့် ပွဲကစားခွင့်နည်းပါးနေတာပါ။ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးကနေ အဲဒီအချိန်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့  ပေါင် ၃၇ ဒသမ ၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မာတာဟာ မန်ယူအတွက်စု စုပေါင်း ၂၅၇ ပွဲ ကစားခဲ့ပြီး ဂိုး ၅၀ သွင်းယူပေးထားပါတယ်။ 
1 year Ago

August 24, 2020

ပေါ့ဘာ အသင်းမပြောင်းတော့ဟု အေးဂျင့် အတည်ပြု

မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ အသင်းပြောင်းရွှေ့ဖို့ အစီအစဉ်မရှိတော့ဘူးလို့ အေးဂျင့်ရိုင်အိုလာက အတည်ပြုလိုက်ပါတယ်။  အသက် ၂၇ နှစ်ရှိ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အသင်းပြောင်းရွှေ့ မယ့်သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတွေကလည်း ခေါ်ယူလိုခဲ့တာပါ။  စကိုင်းစပေါ့ အီတလီယာ သတင်းစာနဲ့ အင်တာဗျူးမှာတော့ ပေါ့ဘာအနေနဲ့ အခုနှစ်နွေရာသီမှာ အသင်းပြောင်းရွှေ့မှာမဟုတ်ကြောင်းနဲ့ ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်နေတဲ့ အဓိက ကစားသမားတဦးဖြစ်ပြီး ရာနှုန်းပြည့်အသင်းမှာ ဆက်ရှိနေမယ်လို့ အေးဂျင့်ရွိုင်အိုလာက အတည်ပြုခဲ့ပါတယ်။  ပေါ့ဘာဟာ အသင်းနဲ့စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့ပေမဲ့ စိုးရိမ်မှုမရှိကြောင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မကြာခင် ဆွေးနွေးတော့မယ်လို့  ရိုင်အိုလာက ဆိုပါတယ်။ 
1 year Ago
More News
Up