မန်ယူကစားသမားဟောင်း

May 5, 2020

ပေါ့ဘာကို ရောင်းချရန် မန်ယူကစားသမားဟောင်း ပေါလ်အင့် တိုက်တွန်း

ပေါ့ဘာကို ရောင်းချသင့်ပြီလို့ မန်ယူကစားသမားဟောင်း ပေါလ်အင့်က တိုက်တွန်းလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ အခုနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် စုစုပေါင်း ၈ ပွဲသာ ကစားပေးထားပါတယ်။ ဒဏ်ရာရရှိနေချိန်မှာ အပြောင်းအရွှေ့သတင်းတွေ အမြဲတမ်းထွက်ပေါ်ခဲ့ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူနဲ့ အသင်းနည်းပြ ဆိုးလ်ရှားတို့အကြားမှာလည်း တင်းမာမှုတွေ ရှိခဲ့တာပါ။  မန်ယူကစားသမားဟောင်း ပေါလ်အင့်ကတော့ ပေါ့ဘာနဲ့ သူ့ရဲ့အေးဂျင့်တို့ရဲ့ အပြုအမူတွေဟာ တခြားကစားသမားတွေကိုပါ လမ်းလွဲရောက်နိုင်ပြီး ပေါ့ဘာအနေနဲ့ အသင်းမှာ ဆက်ရှိဖို့ မဖြစ်နိုင်တော့ဘဲ ရောင်းချသင့်ပြီလို့ တိုက်တွန်းခဲ့တာပါ။  နည်းပြဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို ရောင်းချလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ကြောင်းနဲ့ လာမယ့်ရာသီမစခင်မှာ ဆုံးဖြတ်ချက်ချဖို့လိုကြောင်း ပေါလ်အင့်က တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ပေါ့ဘာကို ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်အသင်းတွေက ခေါ်ယူလိုနေပါတယ်။ 
1 year Ago

March 26, 2020

ရော်နယ်ဒိုကို သင်ကြားပေးဖူးကြောင်း မန်ယူကစားသမားဟောင်း နာနီ ပြော

ယူနိုက်တက်ကစားသမားဟောင်း နာနီက ခရစ်စတီယာနိုရော်နယ်ဒို အခုလို နည်းစနစ် ကြွယ်ဝပြီး အပြေးမြန်တဲ့ ကစားသမားတဦး ဖြစ်လာဖို့ သင်ကြားပေးခဲ့ဖူးတယ်လို့ အင်တာဗျူးတခုမှာ ဟာသနှော ပြောကြားလိုက်ပါတယ်။  နာနီက ရော်နယ်ဒိုဟာ သူ့ဆီမှာ တော်တော်များများသင်ယူခဲ့ကြောင်း ဒါနဲ့ပတ်သက်လို့လည်း ရော်နယ်ဒိုကိုယ်တိုင် သိတယ်လို့ ဆိုပါတယ်။  နာနီနဲ့‌ ရော်နယ်ဒိုတို့ဟာ စပို့တင်းလစ္စဘွန်းအသင်းကထွက်တဲ့ ကစားသမားတွေ ဖြစ်ပြီး ရော်နယ်ဒိုဟာ နာနီထက်စောပြီး ယူနိုက်တက်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုတွေ ရရှိခဲ့သလို ၂၀၀၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ကြပါတယ်။  လက်ရှိမှာတော့ ရော်နယ်ဒိုဟာ စီးရီးအေကလပ် ဂျူဗင်တပ်စ်မှာ ကစားနေပြီး နာနီကတော့ အမေရိကန်မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းမှာ ကစားနေဆဲ ဖြစ်ပါတယ်။  နာနီက သူ့ရဲ့အကောင်းဆုံးကစားသမား ၅ ဦးကို ရွေးချယ်‌ပေးရာမှာတော့ ယူနိုက်တက်က ကစားသမားတွေဖြစ်တဲ့ ဒီဂီယာ၊ ပေါလ်စခိုး၊ ရိန်းဂျားစ် နောက်ခံလူဟောင်း ဘရူနိုအဲလ်ဗက်စ်၊ ရော်နယ်ဒိုနဲ့ ဒေကိုတို့ကို သတ်မှတ်ခဲ့ပါတယ်။
1 year Ago
Up