မန်ယူကစားသမားပြော

January 19, 2020

လီဗာပူးအသင်းကို ယုံကြည်မှုအမြင့်ဆုံးဖြင့် ကစားမည်ဟု မန်ယူကစားသမားပြော

လီဗာပူးအသင်းနဲ့ပွဲမှာ အောက်အသင်းအနေနဲ့ သဘောထားကစားမှာ မဟုတ်ဘဲ ယုံကြည်မှုအမြင့်ဆုံးနဲ့ ကစားမယ်လို့  မန်ယူ ကစားသမား ဒယ်နီယယ်ဂျိမ်းက ပြောပါတယ်။ မန်ယူအသင်းဟာ ဇန်နဝါရီ ၁၉ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။  အဲဒီပွဲစဉ်မှာ မန်ယူအသင်းအနေနဲ့ အောက်အသင်းတသင်းလို ခံစားချက်နဲ့ သွားရောက် ယှဉ်ပြိုင်မှာမဟုတ်ဘဲ ယုံကြည်မှု အမြင့်မားဆုံးနဲ့ ယှဉ်ပြိုင်မလို့ တောင်ပံ တိုက်စစ်မှူး ဒယ်နီယယ်ဂျိမ်းက ပြောပါတယ်။  လီဗာပူးနဲ့ ပွဲစဉ်ဟာ ခက်ခဲတဲ့ပွဲ ဖြစ်လာမှာ အမှန်ဖြစ်ပေမယ့်လည်း အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်သွားမှာဖြစ်ပြီး လီဗာပူးဆီက အမှတ်ယူနိုင်တာဟာ မိမိတို့အသင်းမှာပဲ ရှိခဲ့တယ်လို့ ဒယ်နီယယ်ဂျိမ်းက ပြောပါတယ်။  အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ မန်ယူအသင်းနဲ့ ပထမအကျော့ ပွဲစဉ်တုန်းက သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
1 year Ago
Up