မန်တပ်ရွာ

A d v e r t i s e m e n t With Us

March 22, 2020

ကွတ်ခိုင် မန်တပ်ရွာတွင် လူ ၂၀ သေဆုံးမှု မဟုတ်မှန်ကြောင်း ကျန်မာရေးတာဝန်ရှိပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်တပ်ရွာနဲ့ ရွာအနီးဝန်းကျင်က ရွာတွေမှာ ရောဂါတခုကြောင့် လူအစုလိုက် ၂၀ လောက် သေဆုံးနေတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတဦးက ပြောပါတယ်။ လမ်းခင်းတဲ့သူတွေကနေတဆင့် လူသေဆုံးမှု ဖြစ်တယ်ဆို သတင်းရခဲ့လို့ အဆိုပါနေရာကို ကျန်းမာရေးဌာနနဲ့ တာဝန်ရှိသူတွေ သွားစစ်ဆေးရာမှာ သွားရောက်စစ်ဆေးခဲ့ပြီး သတင်းအမှားသာဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ပြောပါတယ်။ “မနေ့ကတည်းက သတင်းကြားလို့ သွားပါတယ်။ မန်တပ်မှာ တပတ်အတွင်း အယောက် ၂၀ ရောဂါဖြစ်လို့ အစုလိုက်သေဆုံးတယ်ဆိုတာ မရှိပါဘူး။ သတင်းက မဟုတ်ပါဘူး။ မန်တပ်အပြင် အဲဒီကနေ ဟိုအောက်အဝေးကြီးရွာတွေမှာ ရှိတယ်ဆိုလို့ သူတို့ပြောတဲ့ရွာတွေကိုရော သွားတာ မတွေ့ပါဘူး။ သတင်းအမှားပါ။ ပြောရရင်တော့ လမ်းခင်းတဲ့ အဝေးတနေရာကနေ အလုပ်လာလုပ်တဲ့ ကလေးတွေက အဲဒီဘက်က ပြန်လာပြီး မုန်းရှီးကို ဝင်ပြီး အဲဒီသတင်းကိုလွှင့်သွားတာ” လို့ ပြောပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလို မမှန်တဲ့သတင်းတွေ ပြောတာကိုတော့ မလုပ်စေချင်ဘူးလို့ ဆိုပါတယ်။ “ဆရာတို့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ တာဝန်အရ သတင်းရရင် သွားကြည့်ရမှာမှန်ပေမယ့် သတင်းအမှားကျတော့ ဆရာတို့အနေနဲ့ ပိုပင်ပန်းရတယ်။ ဒီအချိန်မှာ ဆရာတို့နိုင်ငံအနေနဲ့ ဒီရောဂါဖြစ်တာကို အားလုံးပူးပေါင်းပြီး တွန်းလှန်နိုင်ဖို့ အရေးကြီးပါတယ်” လို့ ဒေါက်တာတင်မောင်ညွန့်က ပြောပါတယ်။
12 months Ago
Up