မန်စီးတီးနဲ့ မန်ယူအသင်

A d v e r t i s e m e n t With Us

April 2, 2020

ဟယ်ရီကိန်းကို ဆက်ထိန်းနိုင်ရန် စပါးအသင်းမျှော်လင့်

မန်စီးတီးနဲ့ မန်ယူအသင်းတွေက ခေါ်ယူလိုပေမဲ့ တိုက်စစ်မှူးဟယ်ရီကိန်း ဆက်ထိန်းနိုင်ဖို့ စပါးအသင်းက မျှော်လင့်ထားပါတယ်။  ဟယ်ရီကိန်းဟာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ဆုဖလားရယူနိုင်ခြင်းမရှိတဲ့အပြင် ဥရောပဝင်ခွင့်ရဖို့လည်း မသေချာတာ ကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိနေတာပါ။  ဒီအခြေအနေအပေါ် မန်စီးတီးနဲ့ မန်ယူအသင်းတွေကလည်း စောင့်ကြည့်နေပြီး ဟယ်ရီကိန်းကို ခေါ်ယူ ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။  မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်ကလည်း ဟယ်ရီကိန်းအနေနဲ့ အသင်းပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းထားခဲ့တာပါ။  ဟယ်ရီကိန်းရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင်သန်း ၁၃၀ အနည်းဆုံးရှိနေပြီး စပါးအသင်းဘက်ကတော့ ပေါင်သန်း ၂၀၀ အထိ ပြောင်းရွှေ့ကြေး သတ်မှတ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 
11 months Ago
Up