မန်စီးတီးတိုက်စစ်မှူး ပြော

November 6, 2019

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးအသင်းသာ ပြိုင်ဘက်ဖြစ်ဟု မန်စီးတီးတိုက်စစ်မှူး ပြော

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဘက်အသင်းက လီဗာပူး တသင်းသာ ရှိတယ်လို့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက ပြောပါတယ်။ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမှာပါ။ အဆိုပါပွဲစဉ်မှာ ရုပ်သံတွေမှာတော့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်ကလက်စီဒါ ပွဲစဉ်လို ဖြစ်နိုင်ပေမယ့် မိမိတို့အတွက်တော့ မန်ယူအသင်းနဲ့ ပွဲစဉ်ကသာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အယ်ကက်စီကို ပွဲဖြစ်တယ်လို့ အဂွဲရိုးက ပြောပါတယ်။  ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာတော့ လီဗာပူးအသင်းက ချန်ပီယံဆုကို စိန်ခေါ်လာနိုင်တဲ့အသင်း ဖြစ်လာပြီး မိမိတို့အသင်းကို နာကျင်စေနိုင်တဲ့ တသင်းတည်းသော အသင်းဖြစ်တယ်လို့ အဂွဲရိုးက ပြောပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ ၁ မှတ်သာ ကွာဟခဲ့ပြီး ချန်ပီယံဆု လက်လွှတ်ခဲ့ရပါတယ်။ အခုနှစ် ဘောလုံးရာသီပွဲစဉ် ၁၁ အပြီးမှာတော့ လီဗာပူးအသင်းက မန်စီးတီးအသင်းကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်ထားပါတယ်။
2 years Ago
Up