မန်စီးတီးတိုက်စစ်မှူ

November 5, 2020

ချန်ပီယံဆုအတွက် လီဗာပူးနှင့်ပွဲတွင် အနိုင် ၃ မှတ်ယူရန် တိုက်စစ်မှူး ဂျေဆု တိုက်တွန်း

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးနဲ့ပွဲမှာ အနိုင် ၃ မှတ်ရယူနိုင်ဖို့ လိုအပ်တယ်လို့ မန်စီးတီးတိုက်စစ်မှူး ဂျေဆု ပြောပါတယ်။  ဘရာဇီးတိုက်စစ်မှူး ဂျေဆုဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရာကနေ အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစား ဝင်ကစားခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးသွင်းနိုင်ခဲ့ ပါတယ်။  မန်စီးတီးအသင်းဟာ တနင်္ဂနွေည ၁၁ နာရီမှာ လီဗာပူးနဲ့အိမ်ကွင်းပွဲစဉ်အဖြစ်ယှဉ်ပြိုင်သွားရ မှာပါ။  အဲဒီပွဲစဉ်နဲ့ပတ်သက်ပြီး တိုက်စစ်မှူး ဂျေဆုက ပြောကြားမှာတာ့ အရေးကြီးတဲ့ ပွဲစဉ်ဖြစ် ပြီး ပရီးမီးယားလိဂ်ဆုဖလား ပြန်ရချင်တယ်ဆိုရင်တော့ အနိုင်သုံးမှတ်ရယူနိုင်ဖို့ လိုတယ်လို့ ပြောခဲ့တာပါ။  နိုင်ပွဲရဖို့ အာရုံစူးစိုက်မှုကောင်းဖို့ လိုအပ်သလို ကိုယ့်ကစားကွက်နဲ့အတူ အိမ်ကွင်းမှာ ကြိုး စားကစားဖို့ လိုအပ်တယ်လို့ ဂျေဆုကပြောပါတယ်။ 
2 years Ago
Up