ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်မှုအယူခံ မအောင်မြင်ရင် အသင်းက ထွက်ခွာနိုင်တယ်လို့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြောပါတယ်။
မန်စီးအသင်းဟာ ဥရောဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ဥရောပချန်ပီ ယံလိဂ်ပြိုင်ပွဲကစားခွင့် ၂ နှစ် ပိတ်ပင်ခံထားရတာပါ။ အဲဒီပြစ်ဒဏ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အယူခံဝင်ထားပေမယ့် အကြောင်းမထူးသေးပါဘူး။
ဒီဘရိုင်းကတော့ အခြေအနေကို စောင့်ကြည့်နေပြီး ၂ နှစ် ပိတ်ပင်မှု အတည်ဖြစ်သွားရင်တော့ အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားရတော့မယ်လို့ ပြောပါတယ်။
၂ နှစ်ဆိုတဲ့ အချိန်ကာလက ရှည်လျားတာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဖြစ်လာမလဲဆိုတာ မသိနိုင်သေးသလို စာချုပ်သက်တမ်းတိုးဖို့ကိစ္စလည်း မဆွေးနွေးရသေးတာကြောင့် ရာသီကုန်ဆုံးချိန်ရောက်မှ ဆုံးဖြတ်သွားရမယ်လို့ ဒီဘရိုင်းက ပြောပါတယ်။
အသက် ၂၈ နှစ်ရှိ ဒီဘရိုင်းဟာ ဂိုဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်ထားပြီး ပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်ပါတယ်။
10 months Ago