မန်စီးတီ

January 14, 2021

မန်စီးတီးက ဘရိုက်တန်ကို (၁-၀)ဂိုးဖြင့်နိုင် ၊ စတားလင်း ပင်နယ်တီ ၃ လုံးဆက်လွဲချော်သူ ဖြစ်လာ

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ကွဲစဉ်မှာ မန်စီးတီးက ဘရိုက်တန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဒီပွဲမှဦးဆောင်ပင်နယ်တီဆက်လက်လွဲချော်ခဲ့တဲ့ စတားလင်းဟာ ၃ နှစ်ကျော် ကာလအတွင်း ပင်နယ်တီ ၃ လုံး ဆက်တိုက်လွဲချော်ခဲ့တဲ့ ပထဆုံးသော ပရီးမီးယားလိဂ် ကစားသမားအဖြစ် မှတ်တမ်းဝင် သွားပါတယ်။  ဘရိုက်တန်နဲ့ပွဲမှာ ဖိုဒန်က မန်စီတီးအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီး သူ့အတွက်ပြိုင်ပွဲစုံ ၈ ဂိုးသွင်းယူမှုလည်း ဖြစ်ပါတယ်။ မန်စီတီးအသင်းဟာ ဒီဂိုးနဲ့အချိန်ပိုအထိ ဆက်လက်ဦးဆောင်ခဲ့ပြီးပွဲ မပြီးခင်မှာ ဒီဘရိုင်းကို ဘရိုက်တန်ဂိုးသမားက လှဲချခဲ့လို့ စီတီးတို့ ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပါတယ်။  ဒါပေမဲ့ ဒီပင်နယ်တီက စတားလင်းက ဂိုးဘားတန်းကျာ်အောင်ကန်သွင်းခဲ့တာကြောင့် သူ့ရဲ့ ပင်နယ်တီ ၃ လုံးဆက်တိုက် လွဲချော်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒါ့ကြောင့်အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဘရာဟီနိုနောက်ပိုင်း ပရီးမီးယား လိဂ်မှာ ၃ လုံဆက် ပင်နယ်တီလွဲချော်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒီပင်နယ်တီ ၃ လုံးအပါအဝင် မန်စီတီးဟာ ပြီးခဲ့တဲ့ရာသီကစလို့ ပရီးမီးယားလိဂ်မှာ ပင်နယ်တီလွဲချော်မှု စုစုပေါင်း ၇ လုံးအထိ ရှိခဲ့ပြီး ဒါဟာ တခြားအသင်းတွေအားလုံး ထက်ပိုများ နေပါတယ်။  ပင်နယ်တီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပေမဲ့ စီတီးအသင်းဟာ အနိုင်ရလဒ်ကို ဆက်ထိန်းထားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရရှိမှုဖြစ်ခဲ့ပြီး ၈ ပွဲဆက်တိုက်ရှုံးပွဲ မရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အစမကောင်းခဲ့တာကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး ဒီနိုင်ပွဲကြောင့်စီတီးအသင်းဟာလည်း အမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။  စီးတီးအသင်းဟာ ထိပ်ဆုံးက မန်ချက်စတာယူနိုက်အသင်းနဲ့ တစ်ပွဲလျော့ ၄ မှတ်အကွာ အနေအထားမှာရှိနေပြီး စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ဘရိုက်တန်အသင်းကတော့ တန်းဆင်းဇုန်ထဲ ရောက်ရှိဖို့ နောက်ထပ်ဖိအားတွေ တိုးခဲ့ပြီ ဖြစ်ပါတယ်။  ဒီရှုံးပွဲကြောင့်ဘရိုက်တန်အသင်းဟာ အောက်ဆုံး ၃ သင်းနဲ့ တစ်မှတ်အကွာအဆင့် ၁၇ နေရာထိ ကျဆင်းသွားခဲ့ရပြီလည်း ဖြစ်ပါတယ်။ 
8 months Ago

January 1, 2021

 စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် မန်စီးတီး စီစဉ်

မန်စီးတီးအသင်းဟာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို စတာလင်ပေါင်သန်း ၉၀ လောက်နဲ့ လာမယ့်ရာသီမှာ ကမ်းလှမ်းတော့မယ်လို့သိရပါတယ်။  နည်းပြ ဂွါဒီယိုလာဟာ အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး အဂွဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ ဟာရီကိန်းကို ပစ်မှတ်ထားနေပြီး လာမယ့်ရာသီ ရောက်တဲ့အခါမှာ ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။  ဟာရီကိန်းဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၆ ရာသီ ဆက်တိုက် တစ်နှစ်ကို အနည်းဆုံးဂိုး ၂၀ နဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ စပါးအသင်းမှာလည်း ၉ ဂိုးသွင်းပြီး ၁၀ ကြိမ် ဂိုးဖန်တီးထားပေမဲ့ အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှု မရှိသေးတာကြောင့် မန်စီးတီးက မက်လုံး တစ်ခုပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။  ဟာရီကိန်းဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အသင်းအနေနဲ့ တိုးတက်မှုတွေရှိ မလာရင်တော့ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားမှာဖြစ်ကြောင်း  ဖွင့်ဟခဲ့ဖူးပါတယ်။ 
9 months Ago
More News
Up