မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မန်ချက်စတာမြို့ဆီကို စင်တာဘာ ၃ ရက်နေ့က သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့ပြီးနောက် နည်းပြဆန်းတို့စ်က စောစောစီးစီးပြန်လည်စေလွှတ်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကလည်း ယူနိုက်တက်ဆီကို အမြန်ဆုံးပြန်လာခဲ့တာဖြစ်ပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ အတူနေချစ်သူဖြစ်သူ ဂျော်ဂျီနာ အပါအဝင် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူ မန်ချက်စတာကို စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်မှာ ဆိုက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ အိပ်ခန်း ၇ ခန်းပါ အဆင့်မြင့်အိမ်မှာ ကွာရင်တင်း ၅ ရက် ဝင်ရမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အသင်းနဲ့ စတင်ပူးပေါင်းလေ့ကျင့်မှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာပွဲပြီးခါနီးမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ကာ ဂျာစီအင်္ကျီချွတ်ပြီး အောင်ပွဲခံရာမှာ အဝါကတ်ပြခံရလို့ ပေါ်တူဂီနဲ့ အဇာဘိုင်ဂျန်တို့ ပွဲစဉ်လွဲချော်မှာ ဖြစ်ပါတယ်။