မန်ချက်စတာတက္ကသိုလ်

July 16, 2020

ရက်ရှ်ဖို့ဒ်ကို မန်ချက်စတာတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့် 

မန်ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူး ဆောင် ပါရဂူဘွဲ့ကို အသက်အငယ်ဆုံးနဲ့ ရရှိသူဖြစ်လာပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အစားအစာအခက်အခဲရှိနေတဲ့ ကလေးသူငယ်တွေ အတွက် ပေါင်သန်း၂၀ အထိ ရန်ပုံငွေရရှိအောင်  ရက်ရှ်ဖို့ဒ်က ကူညီပေးခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမား ဘော်ဘီချာတန်နဲ့ ဂန္ထဝင်နည်းပြ  ဆာအဲလ်လက်စ်ဖာဂူဆန်တို့ဟာလည်းမန်ချက်စတာတက္ကသိုလ်ကနေ  ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေ ရရှိခဲ့ဖူးပြီး ရက်ရှ်ဖို့ဒ်က အသက်အငယ်ဆုံးနဲ့ ရရှိသူဖြစ်ပါတယ်။ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြင့်ခံခဲ့ရတဲ့ အပေါ် နည်းပြဆိုးလ်ရှားကလည်း ရက်ရှ်ဖို့ဒ်အတွက် ဂုဏ်ယူကြောင်း ချီးကျူးခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့  သူနဲ့ မိသားစုဝင်တွေအတွက် ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောပါတယ်။ ကလေးသူငယ်တွေရဲ့ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရမယ့်လမ်းကြောင်းက အဝေးကြီး လိုသေးပေမယ့်လည်း အခုလို  အသိအမှတ်ပြု ပေးခဲ့တဲ့အပေါ်မှာတော့ မှန်ကန်တဲ့လမ်းကြောင်း ပေါ်ကိုရောက်ရှိနေတာဖြစ်တယ်လို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။ 
10 months Ago
Up