မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာ မန်ယူနိုက်တက် သရေကျပြီး မန်ချက်စတာစီးတီးနဲ့ လက်စတာအသင်းတို့ အနိုင်ရရှိသွားပါတယ်။
မန်ယူနိုက်တက်က ဝုလ်ဗာဟမ်သန်ရဲ့အိမ်ကွင်းမှာ ဂိုးမရှိ သရေကျသွားတာပါ။
မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ ပေါ့ဗယ်လီကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ၄ မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ဇင်ချက်ကို၊ အဂူရို၊ တိုင်လာနဲ့ ဖိုဒန်တို့က သွင်းယူခဲ့ကြတာပါ။
ပေါ့ဗယ်လီအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ တွမ်က သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
လက်စတာအသင်းကတော့ အိမ်ကွင်းမှာ ဂီဂန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
1 year Ago