မန်ကြီးတုံရွာ

May 26, 2021

ခင်ဦးမြို့နယ် မန်ကြီးတုံရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မန်ကြီးတုံရွာမှာ မေလ ၂၆ ရက် မနက်ပိုင်းက ရွာသားပြည်သူ တစ်ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ကြက်ခြံမှာ ကြက်စာကျွေးပြီး ခဏနားနေတုန်း ကား ၃ စီးနဲ့ အရပ်ဝတ်တွေနဲ့လာပြီး ဝိုင်းဖမ်းသွားတာပါ။ စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးက အမြင်ကတ်လို့ ဒီရွာက ၁၂ ယောက်ကို တိုင်ထားလို့ ဖမ်းတာလို့တော့ ပြောသွားတာပဲ။ သူတို့လုပ်ချင်သလို ဥပဒေမဲ့လုပ်နေကြတာ”လို့ ဖမ်းဆီးခံရသူရဲ့ အစ်မဖြစ်သူက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်တပ်ကို သတင်းပေးခေါ်ယူပြီး  တက်ကြွလှုပ်ရှားသူတချို့နဲ့ အမြင်ကတ်သူတွေကို ဖမ်းဆီးခိုင်းနေတဲ့အတွက်  ရွာသားတွေဟာ စစ်တပ်ဝင်လာရင် အိုးပစ်အိမ်ပစ်ထွက်ပြေးနေကြရပြီး ကျီးလန့်စာ စားနေရတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

မေလ ၂၅ ရက်နေ့ကလည်း ရွာချင်းကပ်လျက် သံဘိုရွာကို စစ်ကောင်စီတပ်တွေက ဝင်ပြီး လူ ၅ ယောက်ကို ဖမ်းဆီးသွားခဲ့တာတာမှာ အခုချိန်အထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

6 months Ago
Up