မန်း​ရွှေစက်​​တော်​ ဘုရားကျေးရွာတွင် မီး​လောင်၊ နေအိမ် ၄ လုံး ဆုံးရှုံး

February 10, 2019

မန်း​ရွှေစက်​​တော်​ ဘုရားကျေးရွာတွင် မီး​လောင်၊ နေအိမ် ၄ လုံး ဆုံးရှုံး

မန်း​ရွှေစက်​​တော်​ ဘုရားပွဲ ကျင်းပတဲ့ ဒီက​နေ့ဖွင့်​ပွဲ​နေ့မှာပဲ ဘုရား​ကျေးရွာ ဒီက​နေ့ ည​နေပိုင်းက ​နေအိမ်​ ၄ လုံး မီး​လောင်​မှု ဖြစ်​ပွားခဲ့တယ်လို့ သိရပါတယ်​။ ဖြစ်​စဉ်​မှာ မန်း​ရွှေစက်​​တော်​အနီး ဘုရားရွာ ကွက်​သစ်​ ​ဒေါ်မြင့်မြင့်သိန်း ​နေအိမ်​မှာ ည​နေ ၅ နာရီ​ကျော်​က မီးကျွင်းမီးကျန်​မှ မီးစတင်​​လောင်​ကျွမ်းပြီး အနီးရှိ ​နေအိမ်​သုံးလုံးနဲ့ စုစု​ပေါင်း ​နေအိမ်​ ၄ လုံး မီးကူစက်​​လောင်​ခဲ့လို့ ဆုံးရှုံးမှု တန်​ဖိုးကျပ် ၁၆ သိန်းဖိုးလောက် ဆုံးရှုံးခဲ့ရပါတယ်။ မီးသတ်​​ရေယာဉ်​ ၂ စီးနဲ့ မိနစ်​ပိုင်းအတွင်း ငြှိမ်းသတ်​နိုင်​ခဲ့တယ်​လို့ မန်း​ရွှေစက်​​တော်​ ဘုရားပွဲ​တော်​ကို ​ရောက်​ရှိ​နေတဲ့ မင်းဘူးခရိုင်​ မီးသတ်​ဦးစီးမှူးက ​ပြောပါတယ်​။ မန်း​ရွှေစက်​ ​ဂေါပကဥက္ကဋ္ဌ ဦး​အောင်​သိန်းက​တော့ “အိမ်​​ ၄ လုံးဆို​ပေမယ့် သာမာန်​အိမ်​​လေး​တွေပါ။ ကျ​နော်​လည်း ​ရောက်​ခဲ့တယ်။ လူထိခိုက်​မှု မရှိပါဘူး။ ရွာရဲ့ အပြင်​ဘက်​လိုဟာမျိုးမှာပါ” လို့ ​ပြောပါတယ်​။ မန်း​ရွှေစက်​​တော်​ ဘုရားပွဲ​တော်​ကြီးကို ဒီက​နေ့ မနက်​က စတင်​ဖွင့်​လှစ်​ခဲ့တာဖြစ်​ပြီး ဧပြီ ၁၇ ရက်​​နေ့အထိ ကျင်းပသွားမှာ ဖြစ်​​ကြောင်း သိရပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up