မန်း​ရွှေစက်​​တော်​ဘုရားကြီး လာမည့် ၂၀၂၀ ပွဲ​တော်​အမီ ဓာတ်​​လှေကား တပ်​ဆင်​မည်

March 3, 2019

မန်း​ရွှေစက်​​တော်​ဘုရားကြီး လာမည့် ၂၀၂၀ ပွဲ​တော်​အမီ ဓာတ်​​လှေကား တပ်​ဆင်​မည်

မင်းဘူးခရိုင်​ စကုမြို့နယ်​ ရှိမန်း​ရွှေစက်​​တော်​ဘုရားကြီး ကို လာမည်​ ၂၀၂၀ ပွဲ​တော်​ချိန်​ အမီ ဓာတ်​​လှေကား တပ်​ဆင်​သွားဖို့ စီစဉ်​​နေတယ်​လို့ မန်း​ရွှေစက်​​တော်​ ​ဂေါပက ဥက္ကဋ္ဌက ​ပြောပါတယ်​။ အခုကျင်းပ​နေတဲ့ ဘုရားပွဲကြီးပြီးမှ တိုင်းထွား​ရေး​တွေ ဘာ​တွေကအစ စတင်​​ဆောင်​ရွက်​ မှာပါ။ ကြားတာက ၉ လမှာ အပြီးလုပ်​မယ်လို့ ဂေါပက ဥက္ကဋ္ဌ ဦး​အောင်​သိန်းက ပြောပါတယ်။ “တိုင်းအစိုးကို​တော့ တင်​ပြထားပြီးပါပြီ။ အထက်​စက်​​တော်​ရာ တက်​တဲ့ (နှစ်​ကျိပ်​ရှစ်​ဆူ) နားမှာ ကွင်းထိုးထားတယ်​။ အဲဒီက​နေ (ကိုးခန်းကြီး) တန်​​ဆောင်း အ​ရောက်​​ပေါ့၊ Master plan အ​နေနဲ့တော့ စီစဉ်​ထားတယ်။ အဲဒါပြီးလို့ ​နောက်​တနှစ်ကြရင်​လည်း (ကိုးခန်းကြီး) တန်​​ဆောင်​ကနေ အထက်​ဆက်​​တော်​ရာအ​ရောက်​ စက်​​လှေကားတပ်​ဖို့ စီစဉ်​ထားတယ်​။ ဆာ​ဗေး အတိအကျ​တော့ မလုပ်​ရ​သေးဘူး။ အဲလိုတဆင့်စီသွားဖို့ စီစဉ်​ထားတယ်​၊ ဘုရားဖူးပြည်​သူ​တွေက​ စိတ်​ဝင်​စားတယ်။ အခုကိုအလှုငွေ​တွေက ဓာတ်​​လှေကားအတွက်​ဆိုပြီး တော်​​တော်​​လေး ​ရောက်​​နေတယ်​။ စာရင်းအတိအကျအ​နေနဲ့က​တော့ ပွဲ​တော်​ကာလပြီးမှ သိရမှာ၊ အဲဒီစီမံကိန်းမျိုးကလည်း သက်​ကြီးရွယ်​အို​တွေအတွက်​​ကော ​ခေတ်​နဲ့​လျှော်​ညီစွာဖြစ်​သင့်ပြီလို့ ခရိုင်​အုပ်​ချုပ်​​ရေးမှူးကို တိုင်​ပင်​ပြီး တိုင်းအစိုးရကို နှုတ်​နဲ့တင်​ပြ​တော့ တိုင်းအစိုးရကလည်း သ​ဘောတူတယ်။ အ​သေးစိတ်​တွက်​ချက်​ပြီးမှ ပြန်​တင်​ပါလို့ ​ပြောတယ်​။” မန်း​ရွှေစက်​​တော်​ ဘုရားပွဲ​တော်​ကြီးကို နှစ်​စဉ်​ ​ဖေ​ဖော်​ဝါရီ လကုန်းပိုင်းကနေ ဧပြီ လလယ်​ပိုင်းအထိ ရက်​​ပေါင်း ၆၀ ​​ကျော် ကျင်းပနေပြီး နှစ်​စဉ်​ နိုင်​ငံအဝှမ်းက ဘုရားဖူးပြည်​သူတွေ လာရောက်နေကြပါတယ်။ ပွဲ​တော်​ကာလ မဟုတ်​​ပေမယ့် ၂၀၁၈ ခုနှစ်​က ဖွင့်​လှစ်​ခဲ့တဲ့ သံကူကွန်​ကရစ်​ ​လှေတင်​တံတားကြီး ရှိ​နေတဲ့အတွက် အချိန်​ခါမ​ရွေး လာ​ရောက်​ဖူး​မျှော်​လို့ ရတယ်​လို့ သိရပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up