မန်​ချက်​စတာယူနိုက်

February 11, 2018

မန်​ချက်​စတာယူနိုက်​တက်ကို ပြောင်းရွှေ့ခဲ့ရသည့်အကြောင်း ဆန်းချက်ဇ်ဖွင့်ဟ

မန်​ချက်​စတာယူနိုက်​တက်​အသင်းကို စံချိန်​တင်​လုပ်​ခလစာနဲ့ ​ပြောင်း​ရွှေ့ခဲ့တဲ့ အလက်​ဆစ်​ဆန်းချက်​ဇ်​ဟာ ​ပြောင်း​ရွှေ့ခဲ့ရတဲ့ ရည်​ရွယ်​ချက်​ကို ဖွင့်ဟလာခဲ့ပါတယ်​။ ဆန်းချက်​ဇ်​က မန်​ချက်​စတာယူနိုက်​တက်​အသင်းဟာ  အင်္ဂလန်​မှာ အကြီးကျယ်​ဆုံးအသင်းဖြစ်​တာနဲ့ အရာရာကို အနိုင်​ရလိုတာ​ကြောင့် ဖြစ်​တယ်​လို့ ဆိုပါတယ်​။ ဒါ့အပြင်​ အာဆင်​နယ်​အသင်းက​နေ ထွက်​ခွာလာတာဟာ ကစားသမားတစ်​​ယောက်​အ​နေနဲ့ တိုးတက်​လိုတာ​ကြောင့် ဖြစ်​ပြီး​တော့ အ​တွေ့အကြုံ​တွေ လိုချင်​တာ​ကြောင့် ဖြစ်​တယ်​လို့​ပြောပါတယ်​။ ချီလီလက်​​ရွေးစင်​ဟာ ပြီးခဲ့တဲ့ရက်​က အာဆင်​နယ်​အသင်းရဲ့ တိုက်​စစ်​မှူး​ဟောင်း ဟင်​နရီနဲ့ အင်​တာဗျူးမှာ အခုလို​ဖြေကြားခဲ့တာဖြစ်​ပြီး​ အာဆင်​နယ်​အသင်းဟာလည်း အသင်းကြီးတသင်းဖြစ်​တယ်​လို့ ဆိုပါတယ်​။ ဆန်းချက်​ဇ်​ဟာ အာဆင်​နယ်​အသင်းက​နေ မန်​ချက်​စတာယူနိုက်​တက်​အသင်းကို မစ်​ခီတာရန်​ နဲ့ တိုက်​ရိုက်​အလဲထပ်​​ပြောင်း​ရွှေ့ခဲ့သလို တစ်​ပတ်​လုပ်​ခ ​ပေါင်​ ၅ သိန်းရရှိ​နေတဲ့ ကစားသမားလည်းဖြစ်​ပါတယ်​။ ဆန်​ချက်​ဇ်​ဟာ ပြီးခဲ့တဲ့ ရက်​သတ္တပတ်​က ဟက်​ဒါဖီးလ်​အသင်းနဲ့ ပွဲစဉ်​မှာ တစ်​ဂိုးသွင်းယူ​ပေးခဲ့သလို အ​ကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်​။
4 years Ago
Up