မန်နိုလက်စ်

May 20, 2019

ကမ္ဘာ့အဆင့် နောက်ခံလူတဦး ဝယ်ယူပြီး ခံစစ်အားဖြည့်ရန် အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ ကမ္ဘာ့အဆင့်ရှိတဲ့ နောက်ခံလူတဦးကို ဝယ်ယူပြီး ဆိုးရွားလှတဲ့ ခံစစ်ကို အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ဂရိနောက်ခံလူ ကော့စ်တက်စ် မန်နိုလက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်းပေးပြီး ခေါ်ယူဖို့ အာဆင်နယ်အသင်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရိုးမားအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြပြီး အခုရာသီ အသင်းနဲ့အတူ ပွဲအားလုံးနီးပါး ကစားထားခဲ့တဲ့ မန်နိုလက်စ်ဟာ ၂၀၂၂ ခုနှစ်မှသာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပေမယ့် ရာသီအကုန်မှာ ရိုးမားအနေနဲ့ စီးရီးအေ ထိပ်သီးလေးသင်းစာရင်း မဝင်ခဲ့ရင် အသင်းကနေ ပြောင်းရွှေ့ခွင့် တရားဝင်ရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း အဲဒီ ဂရိနောက်ခံလူကို စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ ရှိနေပါတယ်။
2 years Ago

January 9, 2019

ရိုးမားနောက်ခံလူ မန်နိုလက်စ်ကို ခေါ်ယူရန် မန်ယူ ပစ်မှတ်ထား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရိုးမားနောက်ခံလူ မန်နိုလက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဂရိလက်ရွေးစင် နောက်ခံလူ မန်နိုလက်စ်ကို လျော်ကြေး ပေါင် ၃၀ ဒသမ ၅ သန်းနဲ့ ခေါ်ယူလို့ရပေမယ့် လာမယ့်နွေရာသီမှ အသက်ဝင်မှာဖြစ်တယ်လို့ မေရာသတင်းစာက ဖော်ပြပါတယ်။ အသက် ၂၇ နှစ်ရှိ မန်နိုလက်စ်ဟာ ၂၁၀၄ ခုနှစ်က အိုလံပီယာကော့စ်အသင်းကနေ ရိုးမားအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး စုစုပေါင်း ၁၉၂ ပွဲကစားပြီး ၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူးတဦး ခေါ်ယူဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ပေါ်တိုက မီလီတာအို၊ နာပိုလီက ကိုလီဘာလီတို့ကိုလည်း ပစ်မှတ်ထား စောင့်ကြည့်နေပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ လက်ရှိအသင်းရဲ့ လူစာရင်းနဲ့ပတ်သက်ပြီး ကျေနပ်မှုရှိတာကြောင့် ကစားသမားသစ်တွေလာဖို့ သိပ်မမျှော်လင့်ဘူးလို့ ပြောဆိုထားပါတယ်။
2 years Ago
Up